Part-2

5K 425 5
                                    

"Ceo.."

အသံနဲ့အတူဝင်လာတဲ့အတွင်းရေးမှူးမလေး...
ဇီဇာကြောင်တဲ့သူမအတွက်..အခုအတွင်းရေမှုးဘယ်နှစ်ယောက်မြောက်လို့ရေတွက်လို့ပင်မရနိုင်တော့..

"ပြော..."

"ဟို..."

"ပြောစရာရှိတာအမြန်ပြောပီးထွက်သွားတော့..ငါ့အခန်းထဲမှာအပိုလူရှိတာမကြိုက်ဘူး.."

(သူပြောမှငါလဲအပိုလူဖြစ်....)

ထိုအတွင်းရေးမှုးစိတ်ထဲအမြင်ကပ်စွာတွေးမိလိုက်သည်...

"အစည်းအဝေးရှိလို့ပါ..."

"အင်း..ထွက်သွားလို့ရပီ..."

အစည်းအဝေးကအခုထွက်မည့်အင်္ကျီဒီဇိုင်းတွေကိုပြဖို့Showပွဲအတွက်ပင်...

စားပွဲအရှည်ကြီးမှာညာဘက်ကထိပ်ဆုံးခုံမှာ..
Jisoo...စားပွဲရဲ့ထိပ်မှာကLisa..ကျန်တဲ့သူတွေကကိုယ့်နေရာမှာကိုယ်နေရာယူလို့ပေါ့...

"Lisa...ဒီတစ်ခေါက်Showကအရေးကြီးတဲ့အပြင်...နိုင်ငံခြားကဝယ်လက်တွေလဲလာကြည့်ကြမှာနော်..."

အယုံကြည်ရဆုံးလဲဖြစ်တဲ့သူမသူငယ်ချင်းJisooကပြောတယ်....

နှာခေါင်းနားထိလျှောကျနေတဲ့မျက်မှန်အဝိုင်းလေးကိုပစ်တင်ရင်း...

"ငါသိတယ်..."

စကားပြောရာတွင်ဘုကလန့်နိုင်သောသူမသူငယ်ချင်းကိုJisooကခေါင်းခါရင်း...

"Ireneရေ..ငါအလုပ်ပြုတ်သွားပီသိလား..ဒါ့ပြင်...Jok Sanလေးကလဲငါနဲ့လမ်းခွဲသွားပီ"

Ireneသူ့ရှေ့ကသူငယ်ချင်းမလေးကိုကြည့်နေသည်...မူးပီးအရေမရအဖတ်မရတွေပြောတဲ့အပြင်ငိုပ်ငိုနေသေးသည်....

"အော်..Jennieရယ်...ဒီJok Sanကထင်သလောက်လဲမချောပါဘူး..ဘာတွေဖြစ်လို့အဲလောက်ဖြစ်နေရတာလဲ.."

"Jok Sanကငါ့အချစ်ဦး..ငါ့မှာလေ..."

သူမရဲ့ရင်ဘတ်ကိုထုရင်း..

"ငါ့မှာ..သူရဲ့ကျောင်းစရိတ်အတွက်...အေ့...
အလုပ်ကြိုးစားလုပ်နေရတာ...."

Ireneသူပြောမှစဥ်းစားမိသည်..Jennieသည်Jok Sanဆိုတဲ့ကောင်လေးကိုချစ်လှသည်...
တက္ကသိုလ်တက်နေတဲ့အတောအတွင်း..
ကျူရှင်စရိတ်အတွက်Jennieဘဲပေးခဲ့ခြင်းပင်..
ဒါကိုထိုကောင်လေးကဘာလို့ဖြတ်သွားလဲမသိတော့ချေ....

OH MY CEO!!![Complete]Where stories live. Discover now