Part-24

3.8K 414 11
                                    

"ဟမ်..."

"အဓိပ္ပာယ်က"ချစ်မိသွားပီ"တဲ့.."

ပြောပီးသည်နှင့်လမ်းကိုဆက်၍လျှောက်နေကြသည်..

"ရှင်..ချစ်ဖူးလား..."

"ဟမ်.."

",လူတစ်ယောက်ကိုနှစ်နှစ်ကာကာချစ်ဖူးလား.."

"ဟင့်အင်း..ငါ..ချစ်တဲ့ခံစားချက်ကဘာလဲငါမသိဘူး...မင်းရော..သိလား."

"အချစ်လား...ကျမသိတာပြောပြမယ်.."

"သူပျော်နေရင်..ကိုယ်ပျော်နေသလိုမျိုး၊သူဝမ်းနည်းနေရင်..သူ့ဝမ်းနည်းမှုတွေ၊မျက်ရည်တွေယူသွားပေးချင်တာ၊ဘယ်လိုနည်းကြောင့်ဖြစ်ဖြစ်..
သူနာကျင်မှာကိုမလိုလားဘူး..
အရေးကြီးဆုံးကရင်ခုန်သံ...သူနဲ့ရှိနေရင်..
နှလုံးသားကနှစ်ဆလောက်ပိုခုန်တာမျိုး..."

"ဒီလောက်..‌ဆိုရင်...ရှင့်ဆီကအချစ်ဆိုတဲ့အရာကြီးဖြစ်ပေါ်လာမယ်ထင်တယ်..."

"မင်းမှာရော.အချစ်ကိုရှာတွေ့ပီလား..."

"ရှာရတာမဟုတ်ဘူးလေ..အချိန်တန်ရင်ကိုယ့်ဆီရောက်လာမှာပေါ့.."

"ဒါဆိုမင်းမှာ..အချစ်ဆိုတဲ့အရာရောက်လာပီလား..."

"ဟင့်အင်း...မရှိသေးဘူး..."

(Jen'mind-ဒီခံစားချက်တွေကရှင်နဲ့တွေ့မှဖြစ်တာ..
ရှင်မသိတာအကောင်းဆုံးဖြစ်မယ်ထင်ပါတယ်...)

"မင်းဟိုတစ်ခါကရည်းစားဟောင်းဆိုတဲ့တစ်ယောက်ရော.မင်းသူနဲ့ပြတ်သွားလို့ငိုတာမလား.."

အဲတုန်းကသူ့ကိုနမ်းလိုက်မိတာတွေးပီး..မျက်နှာပူလာပြန်သည်...

"အဲတာကြောင့်မဟုတ်ဘူး.."

"ဟင်...မင်းအကြောင်းမဲ့သက်သက်တော့..ငိုမှာမဟုတ်လောက်ပါဘူး..ငါ့ကိုတမင်နမ်းချင်လို့..ဂွင်ဆင်တာများလား."

ပြုံးစစနဲ့စ,နောက်လာတဲ့သူ...

"ဟာ..ရှင်ကနှုတ်ခမ်းချင်းထိမိသွားတာပါ‌ဆို..."

အသံနဲနဲမြင့်ပီးခေါင်းငုံ့ကာပြောလိုက်တာကြောင့်.မျက်နှာတော့နီရဲနေမှာဘဲ..
ရှက်တတ်တာလဲ..သူမဟုတ်တဲ့အတ်ိုင်း..

OH MY CEO!!![Complete]Where stories live. Discover now