Part-28

4K 406 4
                                    

Chaeအခန်းမှထွက်ပီး...Sooကိုဆွဲကာ..အခန်းထဲသို့ခေါ်သွားသည်.

JenကLisaအခန်းထဲဝင်ကာ..ကုတင်ပေါ်မှာBathrobeလေးဘဲဝတ်ထားကာ..ငိုနေတဲ့LisaကJenကိုမြင်တာနဲ့..တစ်ဖက်ကိုလှည့်သွားသည်...
သူ့မျက်ရည်တွေအခြားတစ်ယောက်မမြင်သေချင်လို့ထင်ပါတယ်...

"Lisa..ရှင့်မျက်ခုံးမှာသွေးထွက်နေတယ်..."

"ရတယ်..."

"ဆေးထည့်ရအောင်..."

"မလိုဘူး..."

"ဘာအကြောင်းဘဲရှိရှိ..ရှင့်ကိုယ်မှာအနာတော့မဖြစ်ခံပါနဲ့..."

"ငါ့ကိုဂရုမစိုက်နဲ့...."

"ဘာလို့လဲ.."

"ဂရုစိုက်ပေးပီး..အနားကထွက်သွားမှာမလား..ငါ့အမေလို..."

"ဟမ်..."

"ဂရုစိုက်မှုတွေမလိုအပ်ဘူး..ငါ့အနားမှာဘဲနေပေး..."

Lisaကမလှုပ်မရွပြောနေတော့Jenစိတ်ထဲမှာတော့..သနားမိသွားသည်.

(သံယောဇဉ်တွယ်စရာလူမရှိတော့..ငါ့ကို..သံယောဇဉ်ဖြစ်နေတာဘဲ...)

သို့ပေမဲ့Lisaကအနေနီးရုံနဲ့သံယောဇဥ်လွယ်လွယ်ဖြစ်မည့်လူမဟုတ်....
သူမကိုချစ်နေမိလို့များလား???

Jenအခန်းပြန်ကာ..ဆေးဘူးလေးယူပီး...
Lisaရဲ့မျက်နှာကအနာကိုလိမ်းပေးနေသည်..

"ရပါတယ်...ရှင့်ကိုဂရုစိုက်မှုလဲပေးမယ်..အနားမှာလဲနေပေးမယ်...."

"ကျေးဇူးပါ.."

ဆေးလိမ်းနေသည့်လက်ကောက်ဝတ်ကိုကိုင်ကာပြောလာသည်ကြောင့်Jenသူ့စကားသူသတိထားမိကာ..ရှက်ကိုးရှက်ကန်းဖြစ်သွားလေသည်...

×××

Oppa typeဆိုသည်မဲ့လဲ...အတိုအကြပ်ဘောင်းဘီအတိုလေးအား..
ချက်ပေါ်လက်ပြတ်အင်္ကျီဝတ်ထားတဲ့အပြင်..
နေကာမျက်မှန်တပ်ထားသည့်..Chaeအား..Sooအမြင်ကပ်နေရသည်...သူကနိုင်ခံခြားသူဖြစ်သည့်အလျောက်..အတိုအပြတ်များဝတ်ရဲသော်လည်း...Sooမှာထိုသို့လုံးဝမဝတ်ရဲချေ..
ဘောင်းဘီအပွနဲ့အင်္ကျီလက်ရှည်နှင့်နှစ်ပါးသွားနေရသည်လေ..

"ယောင်းကကွာ...ဒီလိုဝတ်တာမကြိုက်ပါဘူးဆို..."

"ရေကူးဖို့အဲလိုဝတ်တာလေ..မ.ရဲ့..."

OH MY CEO!!![Complete]Where stories live. Discover now