Part-17

4.1K 431 10
                                    

"ရှင့်ကိုကျမအပိုင်သိမ်းလိုက်ရမလား..."

မျက်ဝန်းတွေစိုက်ကြည့်ပီးပြောလာတဲ့သူမ..

"မင်း..."

ပြောလို့ပင်မဆုံးလိုက်..သူမကLisaနှုတ်ခမ်းကိုဖိကပ်နမ်းနေသည်...
တစ်လွှာခြင်းစုပ်ယူကာနမ်းနေသည့်သူမကြောင့်Lisaအသိစိတ်လွတ်သွားသလိုပင်..

ဝိုင်အရသာနဲ့ရောနေတဲ့Sojuအရသာကြောင့်လား...
သူ့နှူတ်ခမ်းသားရဲ့ဆွဲဆောင်မှုကြောင့်လားမသိတော့.

အလိုက်သင့်ကလေးတုန့်ပြန်ပေးနေမိသည်...

နှုတ်ခမ်းများသည်..လည်တိုင်သို့ရောက်၍အမှတ်အသားပြုလုပ်သောအခါ..ငြီးသံအသေးလေးထွက်သွားသေးသည်...

~အ့~

အသံကိုသတိထားမိပုံအပေါ်...
ရှပ်အင်္ကျီကြယ်သီးနှစ်လုံးလောက်ဖြုတ်ထားသည့်..ရင်ညွတ်ကိုခပ်ဖွဖွလေးကိုက်လိုက်သည့်အချိန်တွင်...

Lisaသူ့ကိုအလန့်တကြားတွန်းထုတ်မိသည်..

ဘယ်လိုအခြေအနေကြီးလဲမသိပေမဲ့..
နာကျင်မှုနောက်ကသာယာမှုကကပ်ပါလာသည်..ထိုခံစားချက်ကိုတစ်ခါမျှမခံစားဖူးချေ...

Lisaဆိုဖာပေါ်မှထကာ..သူ့ရဲ့အင်္ကျီကြယ်သီးကိုပြန်တပ်လိုက်ရင်း..

"ရှင်ကလူယုတ်မာ."

အော်..အခုဘဲလူကိုစားဖို့လုပ်နေပီး..လူယုတ်မာကကိုယ်တဲ့🙂👍...

"ငါက..."

"ဟုတ်တယ်...မချစ်ရင်..ဘာလို့များ...ဂရုစိုက်ပေးနေလဲ..ဒီကရင်ဘတ်ကလေ..."

ရင်ဘတ်ဘယ်ဘက်ကိုလက်ညိုးထိုးရင်းပြောလိုက်သည်..

"ဒီရင်ဘတ်က..ရှင်နဲ့ရှိနေရင်သေမတတ်ခုန်နေတာ...
ရှင့်ကိုမချစ်မိအောင်..ကြိုးစားနေရတာ.."

မူးနေသူရဲ့စကားကိုအတည်ယူရမလား..Lisaမတွေးချင်တော့ပါ..အခုသိတာက..lisaသူမအပေါ်ရှိနေတဲ့ခံစားချက်ကအခြားတွေနဲ့မတူနိုင်ပါဘူး...ဒီလိုခံစားချက်က"ချစ်မိသွားတာလား"...

"မင်းကို..ငါချစ်ခွင့်ပေးမယ်..."

"...."

တုန့်ပြန်သံမကြားတော့...မော.ကြည့်မိသည်..ထိုအမူးသမလေးကအိပ်ပင်ပျော်သွားပီ..

OH MY CEO!!![Complete]Where stories live. Discover now