အပိုင်း (၁)

60.1K 1K 30
                                    

"လခြမ်းကွေး..."

ကျောင်းအုတ်နံရံကိုကျော်ဖို့ လုပ်နေစဥ်မှာပင် နောက်ပါးကနေထွက်လာတဲ့ အသံကြောင့် အုတ်နံရံပေါ်တွဲလွဲခိုရင်း ကြည့်လိုက်သည်။

"မြတ်ဘုန်း...ဟီး"
ပိုးစားနေတဲ့ သွားအမည်းလေးတွေပေါ်သည်အထိ ရယ်ပြပြီး မျက်နှာချိုသွေးလိုက်၏။

"ဆင်းခဲ့လေ အကွေး၊ အခုဆင်းလာ"

"အမေ ကလေးမွေးနေပြီထင်တယ်၊
မရဘူး ငါသွားမှာ..."

ချက်ချင်းမှာပင် အုတ်တံတိုင်းပေါ်သို့ ခိုတက်ပြီး ကျောင်းအပြင်ဘက်သို့ဆင်းသွား၏။နေ့လည် နားချိန်ပြီးလို့ကျောင်းပြန်တတ်နေပြီမို့ ကျောင်းတံခါးကို သော့ခတ်ထားသည်။

ဒါကို အတန်းထဲကနေလစ်ထွက်ပြီး တံတိုင်းကျော်ပြေးတဲ့ လခြမ်းကွေးကို မြတ်ဘုန်းမိပေမယ့်လည်း မတားလိုက်နိုင်ပေ။

ကျောင်းနဲ့အိမ်နဲ့က သိပ်မဝေးသည်မို့ လခြမ်းကွေးသည် အိမ်သို့ခြေသုတ်တင်ပြေးလေသည်။ မြတ်ဘုန်းစိတ်ဆိုးမှာကို သိပေမယ့်လည်း မနက်ထဲက အမေဒီနေ့ကလေးမွေးမယ်လို့ ဘေးအိမ်ကအဒေါ်က ပြောလေသည်။ဒီစကားကြောင့် တစ်နေကုန်ကျောင်းမသွားဖို့ အိမ်ကိုပြောပေမယ့်လည်း အိမ်က လက်မခံပဲအတင်းသွားခိုင်းသည်။

ခဏနေရင် ကျောင်းဆင်းတော့မှာကို သိပေမယ့်လည်း အိမ်ပြန်ချင်စိတ်ကို ဘယ်လိုမှ မထိန်းချုပ်နိုင်တော့သည့် အဆုံးမှာ သူမ ကျောင်းလစ်ခဲ့လိုက်သည်။

ဟော လမ်းထိပ်ရောက်တော့ သူမလိုပင် ကျောင်းလစ်လာတဲ့ ရောင်နီဝန်းကို တွေ့လိုက်ရသည်။ ရောင်နီဝန်းက အထက်တန်းကျောင်းကြီးမှာ တက်နေသည်မို့ လခြမ်းကွေးလိုအိမ်နဲ့မနီးပဲ ရွာရှေ့ဘက်ဆုံးမှာရှိသည့်ကျောင်းကို စက်ဘီးနဲ့သွားရသည်။ အကွာအဝေးက တစ်မိုင်ခွဲလောက်ရှိသည်မို့ ကြည့်ရတာ ညနေမုန့်စားဆင်းချိန်မှာ ကျောင်းက လစ်ခဲ့ပုံပင်။

"အကွေး တက်လေ..."

"ရတယ် ငါပြေးသွားလိုက်မယ်"
ပုပုလုံးလုံး လခြမ်းကွေးသည် စက်ဘီးရှေ့ကနေ အမြန်ပင်ပြေးလေသည်။

နောက်က ရောင်နီဝန်းလည်း သူ့ထက် ၅နှစ်ငယ်သည့် ညီမငယ်နောက်ကနေခပ်ဖြေးဖြေးပဲလိုက်လာလိုက်သည်။

ကော်ဖီတစ်ခွက်၊ကြံရည်တစ်ခွက် နှင့် အချစ်တစ်ပွဲ (Completed)Where stories live. Discover now