Ending

17.5K 538 83
                                    

"တကယ်ပဲ ကာရာအိုကေအခန်းလေးပါတယ်"

အိမ်ပြောင်းပြီး အရာအားလုံးကို နေရာတကျ ထားပြီးသည့်အချိန်ရောက်တော့ မောလွန်းတာကြောင့်လားမသိ သူမတို့ညစာတောင် သေချာမစားနိုင်ကြ။ ပင်ပန်းနေတာကြောင့် အိပ်ပျော်သွားပြီဖြစ်တဲ့ သားနှင့်သမီးဘေးမှာ သူမပါ အိပ်ဖို့လုပ်နေချိန် ကောင်းက လက်ဆွဲပြီးခေါ်လာတဲ့ ဒီနေရာ။ အိမ်အကြီးကြီးမှာ အခန်း၁၃ခန်း ပါသည်ဟုပြောသော်လည်း ဒီတစ်နေ့တည်းနဲ့တော့ အခန်းတွေကို အကုန်လိုက်မကြည့်နိုင်သေး။

ထိုအခန်းတွေထဲမှ သူမတို့အိပ်ခန်းနှင့် အောက်ထပ်က အခန်းနှစ်ခန်းလောက်ကိုကြည့်ပြီးပြီဖြစ်သော်လည်း အပေါ်ထပ်က ခန်းတွေထဲမှာ ရောင်စုံမီးတွေနှင့် အလှဆင်ထားသည့် ကာရာအိုကောခန်း ပါလိမ့်မည်ဟု သူမ မထင်ခဲ့မိပါ။

"ယုံကြည်ရတဲ့ သူက တစ်သက်မှာတစ်ခါပဲကတိပေးပြီး အဲ့ဒီကတိကိုတည်အောင်လုပ်တယ်တဲ့ အကွေးရ။ ကျွန်တော်က တခြားသူတွေအတွက်မဟုတ်ရင်တောင်မှ အကွေးအတွက်တော့ ယုံကြည်ထားလို့ရတဲ့သူပါ"

"ဒါဆို ဒီလို ယုံကြည်ရတဲ့ ကောင်းကို ငါ့ဘက်ကသီချင်းဆိုပြရမှာပေါ့"

TVနှင့် စက် ဘက်သို့မျက်နှာလှည့်ထားသော ဆိုဖာအရှည်ပေါ်တွင် ကောင်းကို ထိုင်စေလိုက်သည်။ စကားပွဲပေါ်ရှိ သီချင်းရွေးသည့် စက်တွင် သူမရွေးချယ်လိုက်သည်က "သက်ဆိုင်သူသို့" ဖြစ်နေသည်။

အဖြူရောင် မြန်မာဝတ်စုံကို ဝတ်ဆင်ထားသော တေးသံရှင်ဟေမာနေဝင်း၏ အသံကို Offနှိပ်လိုက်ပြီး စာသားတွေကို အသေအချာကြည့်ပြီး အဆီအငေါ်မတည့် ဆိုနေသည်က ပြုံးရွှင်စွာနှင့်ပင်။

🎶သက်ဆိုင်သူရေ မေ့အသံအားမှတ်မိပါရဲ့လားလေ။
လွမ်းတသသ မှန်းဆကာလေ
တမ်းတကာလေ နေ့တွေညတွေ ပြောင်းလာသရွေ့
ဟောင်းကာ မမေ့ ချစ်ငွေ့တဝေဝေ
သက်ဆိုင်သူ မောင့်ကိုပဲလေ
သက်ဆိုင်သူ မောင့်ကိုပဲလေ အမြဲမျှော်ကာ
အမြဲမျှော်ကာ စောင့်ကြိုပါတယ်လေ။🎶

ဆက်လာသော သီချင်းသံကို သူမလိုက်မဆိုပဲ အသက်ဝဝရှူနေလေသည်။ ကြည့်ရတာ သူမလေးမောနေသည်ထင်ပါရဲ့။

ကော်ဖီတစ်ခွက်၊ကြံရည်တစ်ခွက် နှင့် အချစ်တစ်ပွဲ (Completed)Where stories live. Discover now