အပိုင်း (၁၂)

12.8K 525 63
                                    

"ဒါဆို ဒီနှစ်ကျောင်းသားဟောင်းတွေ့ဆုံပွဲကို သမီးသွားမယ်ပေါ့ ဟုတ်လား..."

"အင်း သွားမယ် အမေ၊
ဘာရယ်မဟုတ်ပဲ သမီးသွားနေချင်တယ်"
ကျောင်းပြီးထဲက ကျောင်းသားဟောင်းတွေ့ဆုံပွဲကို အကွေးတို့မသွားဖြစ်ပါ။ကိုယ့်သူငယ်ချင်းတွေကြည့်ပဲစုကြတာများသည်။

အခုတစ်ခါတော့ အကွေးသွားချင်နေသည်။ဘာကြောင့်မှန်းမသိ အကွေးကျောင်းကိုလွမ်းသည်၊ကျောင်းသူဘဝကို လွမ်းသည်။

"အေးပေါ့ သွားတာကောင်းတာပဲ။
သမီးလည်း အိမ်မှာတစ်ယောက်ထဲဖြစ်နေတာကို...အဖေလိုက်ပို့ပေးရမလားသမီး"

"ရပါတယ် သမီးဆိုင်ကယ်နဲ့ပဲသွားလိုက်ပါ့မယ်။
မိုးဟိန်းတို့ဆီဖုန်းဆက်ဦးမယ် သူတို့လိုက်ဦးမလားလို့...ဘယ်သူမှမရှိရင်တောင် ECတော့ ရှိမှာပါလေ။ECနဲ့လည်း မတွေ့ရတာကြာပြီ။"

"အင်းပါ သွားဖို့ အင်္ကျီတွေဘာတွေပြင်လေ၊
မနက်ဖြန်ပဲ သွားမှာမဟုတ်လား.."

ဟုတ်သားပဲ ညစာစားပြီးစကားပြောနေတာနဲ့ ဘာမှကိုမပြင်ရသေးဘူး။ဘာဝတ်သွားရမလဲဆိုတာကို စဥ်းစားမိတော့ ဆောင်းကိုသတိရသွားသည်။ ဆောင်းသာပါလျှင် အကွေးရာပုံမှန်အတိုင်းပဲဝတ်လို့ပြောလောက်မည်။ မြတ်ဘုန်း ဘေးမှာရှိရင်ရော..သေချာတာပေါ့ မြတ်ဘုန်းက ထဘီနဲ့ရင်ဖုံးကိုပဲဝတ်ခိုင်းမည်။Dinnerနဲ့လိုက်ဖက်၏ မလိုက်ဖက်၏တွေ သူ,မတွေးပဲ အကွေးကိုအမြဲ လူကြီးတစ်ယောက်လိုနေထိုင်စေချင်သည်။

အခုတော့လည်း သူမအနားမှာ ဘယ်သူမှရှိမနေပါလေ။

အင်္ကျီရွေးနေရင်းနဲ့ သူမဖုန်းကိုသတိရသွားကာ မိုးဟိန်းဆီသို့ဆက်လိုက်သည်။ သန္တာကလည်း ကလေးငယ်သေးတော့ လာမည်မဟုတ်၊သက်လွင်ကလည်း သန္တာနဲ့သူ့သမီးကိုစိတ်မချလို့မလာလောက်ပါ။ဆိုတော့ သူမမှာ မိုးဟိန်းတစ်ယောက်သာ မျှော်လင့်လို့ရသည်။

"Hello မိုးဟိန်းလား.."
ဖုန်းခေါ်ပြီးမှ သူမသတိရသွားသည်က မိုးဟိန်းကသူမတို့မေဂျာကမှ မဟုတ်တာ။ ဆောင်းကို လေယာဥ်ကွင်းလိုက်ပို့ပေးပြီးထဲက အကွေးမှာစိတ်နဲ့ကိုယ်နဲ့မကပ်ချင်ဖြစ်နေသည်။

ကော်ဖီတစ်ခွက်၊ကြံရည်တစ်ခွက် နှင့် အချစ်တစ်ပွဲ (Completed)Where stories live. Discover now