အပိုင်း (၂၃)

10.5K 474 50
                                    

အချိန်အားဖြင့် မိုးလင်းတော့မည်ဆိုတာကို သိပေမယ့်လည်း နည်းနည်းလောက်တော့ ပေကပ်ပြီးအိပ်ချင်နေသေးသည်။ ညက ရောင်ဝါ ငိုနေတာကြောင့် ကောင်းမှာ တော်တော်နဲ့အိပ်မရပဲ သားဖြစ်သူနဲ့ အခန်းပြင်ထွက်ကာ ချော့မြူရင်း တော်တော်လေး ညဉ့်နက်မှ အခန်းထဲပြန်ဝင်ခဲ့ရသည်။

အခုလည်း ရင်ခွင်ထဲကို လူရောက်လာသလိုခံစားရတာမို့ မျက်လုံးဖွင့်ပြီး ကြည့်ချင်ပေမယ့်လည်း မျက်လုံးမဖွင့်ချင်သည်မို့ အနားရောက်လာတဲ့ ဒီလူလေးကို ရင်ခွင်ထဲဆွဲဖက်ထားလိုက်သည်။

"ကောင်း...."

"အင်း"

"ငါစဥ်းစားနေတာ....ကလေးလေးတွေ ငါ့လိုဖြစ်လာရင် ဘယ်လိုလုပ်မလဲ"

နား နားကပ်ပြီး ခပ်တိုးတိုးလေးပြောတဲ့ အထိုအသံကြောင့် ကောင်းမှာ မဖွင့်ချင် ဖွင့်ချင်နဲ့ပဲ မျက်လုံးဖွင့်ပြီးကြည့်လိုက်ရသည်။အနီးကပ်အနေအထားတဲ့ မျက်လုံးလေးတွေ ဝိုင်းပြီးကြည့်နေတဲ့ အကွေးကြောင့် ကောင်းမှာ မိုးမလင်းသေးခင်မှာပဲ ရင်ခုန်သံတွေ ဝုန်းဒုန်းကြဲလာရသည်။

ရင်ခွင်ထဲက ရှင်းလင်းနေတဲ့ မျက်နှာရှင်းရှင်းလေး၊ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ နောက်ဆုံး နှုတ်ခမ်းရဲရဲလေးတွေနဲ့ လခြမ်းကွေးကွေးလေးကြောင့် ကောင်းမှာ အိပ်ချင်စိတ်ဆိုတာ ဘယ်ရောက်သွားမှန်းမသိဖြစ်ရသည်။

"ကောင်း..."

"ဗျာ"

"ငါ မေးတာ အရမ်းတစ်ခုခုဖြစ်သွားလားဟင်"

"မဖြစ်ပါဘူး...ကလေးလေးတွေ အကွေးနဲ့တူတော့လည်း ဘာဖြစ်လဲဗျာ။ပိုတောင် ချစ်စရာကောင်းဦးမယ်"

"ငါလို မေးခွန်းတွေအများကြီးကို ငါ့ကိုလာမေးရင် ငါဘယ်ဖြေရမလဲ ကောင်း။ငါ့ဟာနဲ့ငါတောင် အခုထိ စဥ်းစားလို့မဆုံးတာ သူတို့နဲ့ငါနဲ့ အူလည်အူလည်နဲ့ပဲတစ်သက်လုံးနေသွားရမှာလားဟင်...."

"ကျွန်တော်ရှိတာပဲ ကျွန်တော်ဖြေပေးမှာပေါ့ အကွေးရ"

"ဟွန်းးး...ငါတော့ ငါလိုလေးတွေဖြစ်မလာပါစေနဲ့ ဆုတောင်းတယ် ကောင်းရယ်"

ကော်ဖီတစ်ခွက်၊ကြံရည်တစ်ခွက် နှင့် အချစ်တစ်ပွဲ (Completed)Where stories live. Discover now