အပိုင်း (၂၇ ၊အဝန်းရဲ့ရုပ်ရှင်ကြည့်ချိန်)

9.5K 394 40
                                    

ရုပ်ရှင်ရုံသည် အဲကွန်း၏ထောက်ပံ့မှုကြောင့် အေးတမြမြရဲ့အလွန်မှာ ရှိနေသလိုပဲ၊ ပရိုဂျက်တာ၏ အလင်းရောင်တစ်ခုတည်းဖြင့် ရုံတစ်ခုလုံးကိုတော့  အလင်းရောင်မပေးစွမ်းနိုင်ပါ။

ဂျပန်ခတ်တုန်းက အကြောင်းကို ရိုက်ပြထားသည့် ဇာတ်ကားမို့ သေနတ်သံသည် ရုံ၏တိတ်ဆိတ်မှုကို လွှမ်းခြုံထားသည်။

"အေးမြတဲ့ လေညှင်းနှင့်အတူ ချစ်ပန်းတွေဝေဝေဆာဆာနဲ့ ဒီတစ်ခါနွေဦးမှာတော့  အစ်ကို့ဆီကို အရောက်လာချင်ခဲ့ပြီ။

လွမ်းတပူဆွေး၊ သူနှင့်ဝေးသော်
ပြည်ထဲရေးနှင့် ၊ ဝမ်းရေးတို့ထက်
လွမ်းရေးခက်၏။....ဆိုသလိုပါပဲ ကျွန်တော့်အလွမ်းတွေက ခံစားရခက်နေပြီမို့ အစ်ကို့ကိုမြင်ချင်မိရုံလေးပါ"

တစ်မ္ဘာလုံးနှင့် ယှဥ်လျှင်တောင်မှ အသာယာဆုံးဟု သတ်မှတ်ခဲ့သည့် ထိုအသံကို လူမှားစရာအကြောင်းတော့ လုံးဝမရှိပါ။

ဘေးတိုက်အနေအထားကနေ လာတာမဟုတ်ပဲ အထက်ဖျားဆီက လာတဲ့ ထိုအသံဟာ အဝန်းရဲ့ဦးခေါင်း အထက်မှာ ရစ်ဝဲနေသည်ကြောင့် အဝန်းမှာ မျက်ရည်အနည်းငယ် ဖက်ချင်လာသည်။သို့သော်လည်း ပြန်ထိန်းလိုက်ပြီး....ခေါင်းကို မတ်မတ် ထားလိုက်သည်။

"ကမ္ဘာကြီးဟာ အလိုလောဘ ဆာလောင်မှုတွေနဲ့ ဆူညံနေတယ်၊ အလိုလောဘတွေကို လက်နဲ့ရက်ဖယ်ပြီး ငြိမ်ချမ်းမှုတွေနဲ့ ငါနမ်းခဲ့တယ်"

အဝန်းလှည့်မကြည့်ဖြစ်ပဲ ပရိုဂျက်တာဆီကနေ အကြည့်မခွာထား ၊အသံနှုန်း ပုံမှန်အနေအထားကပင် တဂိုးရဲ့ကဗျာကို ရွတ်လိုက်သည်။

သူ ကဗျာ ရွတ်ပြီးသည့်နောက်မှာတော့ တစ်ဖက်လူရဲ့ အသံကို မသိစိတ်ကနေ နားစွင့်ကြားချင်နေသည်ကို အဝန်းရဲ့ဦးနှောက်က ထိန်းချုပ်လို့မရဖြစ်နေသည်။

"တစ်နေ့နေ့မှာ
တွေ့မည်ရွှင်ချို သခင်ကိုတည့်
မောင့်ကိုမုန်းကာ အဝေးသွားလည်း
လွင့်ပါးမရှည် ပြန်ခဲ့သည်က
စောင့်သည်တွေ့မှု ချစ်စိတ်ဆူနှင့်
လွမ်းသူရှေ့မှောက် သူဒူးထောက်လိမ့်....ကျွန်တော် ဒူးထောက်ပါတယ် အစ်ကို"

ကော်ဖီတစ်ခွက်၊ကြံရည်တစ်ခွက် နှင့် အချစ်တစ်ပွဲ (Completed)Where stories live. Discover now