အပိုင်း (၆)

12.1K 544 17
                                    

ဆိုင်ကို ရောက်သွားတာက နှစ်နာရီလောက်ပေမယ့်လည်း မှာထားတာတွေလာချပေးတော့ သုံးနာရီကျော်နေပြီ။ဒီဆိုင်က ဒီလိုပါပဲ လူများတော့ စောင့်ရတာကြာသည်။ဗိုက်ဆာနေတုန်း သွားစားပါတယ်ဆိုမှ ဆိုင်ရောက်မှ အစာလွန်ကာ မစားနိုင်တော့တာ ဖြစ်ရသည်ကလည်း အခါခါ။ သို့သော်လည်း အမှတ်မရှိ ဒီဆိုင်ကိုပဲထိုင်ဖြစ်သည်။

ကောင်းလွန်းလို့ တော့မဟုတ်ပါဘူး။ဒီဆိုင်မှာ လူများတာကြောင့်ပါ။ပြောချင်တာက လူများတော့ မျက်စိအစာကျွေးလို့ရတာပေါ့။ဗိုက်က အချိန်တိုင်းအစာကျွေးလို့ ရတယ် မျက်စိဆိုတာက ဗိုက်လောက်တော့ အချိန်တိုင်း အစာကျွေးလို့မရဘူးလေ။

"ထမင်းကြော် စားမလားအကွေး"

"တော်ပြီ"
သောက်လက်စ ကောက်ညှင်းအုန်းနို့ကို ချလိုက်ပြီး သန္တာ့ကို အဖြေပေးလိုက်သည်။

"အကွေး နင့်ပါးစပ်ဟစမ်း"

ဘေးကပ်လျက်ထိုင်တဲ့ မိုးဟိန်းကြောင့် အကွေးလည်း ပါးစပ်ဟပေးလိုက်သည်။ ထိုအခါ မိုးဟိန်းက ဖုန်းမိီးထုတ်ပြီး ရတနာရှာသလို အကွေးရဲ့ ပါးစပ်ထဲက သွားပိုးပေါက်ရှာနေသည်။

"ဟေ့ကောင် လူတွေရှိတယ်။ အကွေး နင်ကလည်း သူဟဆိုတိုင်းဟ ရလား... စောက်ပိန်း"

"ဟင်.."

"မင်းကလည်း သူတို့ဟာသူတို့ပါ။ငါတို့ကိုတောင် အာရုံမစိုက်ဘူး။ဒါနဲ့ အကွေး နင့်ပိုးပေါက်တွေများလာတယ် အရင်က၄ခုပဲရှိတယ် အခု၅ခုဖြစ်နေပြီ။"

မိုးဟိန်းရဲ့ စကားကြောင့် အကွေးစားပွဲပေါ်က သွားကြားထိုးတံလေး တစ်ချောင်းယူပြီး သူမရဲ့ပိုးပေါက်လေးတွေကို ထိုးစမ်းကြည့်၏။

"ညကျရင် သွားမတိုက်လို့ဖြစ်တာ၊"
သန္တာက ထိုသို့ပြောတော့...."အချိုတွေ လျော့စားစမ်းအကွေး" လို့ သူ့မရဲ့ဘဲ သက်လွင်ကပါ အကွေးကို ဆရာလုပ်သည်။

ဒီလိုဝိုင်းပြောတော့ အကွေးမျက်နှာလေး ညှိုးသွားပြီး ကောက်ညှင်းအုန်းနို့ ခွက်ကိုကြည့်နေမိသည်။ဆက်မစားရင်လည်း နှမြောစရာကောင်းတယ်၊ စားပြန်ရင်လည်း ညကျရင်သွားကိုက်ဦးမယ်။ ဒီအရွယ်ကြီး ရောက်နေပြီ သွားကိုက်လို့ ငိုရတာက အဆောင်က ကလေးတွေကြားမှာ ရှက်စရာ။

ကော်ဖီတစ်ခွက်၊ကြံရည်တစ်ခွက် နှင့် အချစ်တစ်ပွဲ (Completed)Where stories live. Discover now