အပိုင်း (၃၄)

9.9K 435 42
                                    

အချိန်အားဖြင့်ပြောရလျှင် ၁၇နာရီကို ကျော်လာပြီမို့ နေရောင်သည် နေရာတော်တော်များများမှာ မကျရောက်နိုင်တော့။တစ်ဖန်ပြန်လည်ရောက်ရှိလာတဲ့ နွေရာသီအစမှာ ရာသီဥတုကကောင်းမွန်နေသည်။

ဆောင်းမှာဆို ကြမ်းတမ်းလွန်းတဲ့ ရာသီဥတုကြောင့် ညနေဘက်ဆို အခန်းထဲမှာပဲနေတာများသည်။ အခုတော့ သူမတို့ပျော်ပွဲစားထွက်မည်။ ပျော်ပွဲစားထွက်ရမည်ဆိုတော့ Fashionပိုင်းကိုလည်းမလျော့စေရ။

နေရောင်မရှိတော့သော်လည်း ပန်းနုရောင် Sunglassကို သားနဲ့သမီးတင်မဟုတ်ပဲ သူမကိုယ်တိုင်ပါ တပ်ဆင်ထားသည်။ အောက်ခံBraနှင့် အနားသတ်တူညီသော Topကြောင့် သူမရဲ့ ဗိုက်သား ဖွေးဖွေးလေးဟာ လစ်လပ်လို့နေသည်။ ခါးမှ ခြေဖျားအထိ ဖုံးအုပ်ထားသော ငွေမှုံကြဲလွင့်ထားသော ငွေရောင်စကတ်သည် အဖြူရောင်Topရဲ့ ရိုးရှင်းမှုကို အလှပဆုံးထောက်ပံ့ထားလေသည်။

ဒီကိုရောက်တာ တစ်နှစ်ပြည့်လုနီးပြီမို့ သူမကိုယ်တိုင်လည်း ဆရာ မလိုတော့။ အရာရာမှာ အင်ဒူလင့်ကို အားမကိုတော့ပဲ သူမကိုယ်တိုင်ပဲ ဆုံးဖြတ်ရသည်။ အင်ဒူလင်က မှီခိုတတ်တဲ့သူတွေကို မကြိုက်ဘူးလို့ ပြောဖူးတာမို့ အကွေး သူမဆီကနေ ပညာအစုံတတ်မြောက်အောင် သင်ခဲ့သည်။ တတ်မြောက်ပြီးတဲ့ ပညာတွေကို အသုံးချပြီး သူမအတွက်ရော၊ ကလေးတွေအတွက်ပါ သူမကိုယ်တိုင်ပဲ စီစဥ်ရတော့သည်။

သို့သော်လည်း အရင်ထဲက သူများကိုအားကိုးတတ်ပြီး တွယ်ကပ်လွန်းအားကြီးတဲ့ စိတ်ရှိသူမို့ အခုတစ်ခေါက်မှာ သူမတော်တော်လေးဝမ်းနည်းနေမိသည်။ သူမကို မခေါ်ပဲ တစ်ယောက်ထဲ ပျော်ပွဲစားထွက်သွားတဲ့ အင်ဒူလင်ကို စိတ်ဆိုးပေမယ့်လည်း စိတ်ဆိုးခြင်းထက် ဝမ်းနည်းခြင်းတွေပိုနေသည်။ ဒါကြောင့် သူမကိုယ်တိုင်လည်း ပျော်ပွဲစားထွက်မည်ဟု ဆုံးဖြတ်ပြီး ခင်းဖျာတစ်ခုနှင့် စားစရာထည့်ထားတဲ့ ခြင်းကို ယူပြီး အိမ်အပြင်ကိုထွက်လိုက်သည်။

အင်ဒူလင်က တစ်ယောက်ထဲပျော်ပွဲစားထွက်သည်။ အကွေးကတော့ သားနှင့်သမီးကိုပါ ခေါ်သွားမည်။

"နိုင်တာ သေချာတယ်နော်"

တစ်ဖက်တစ်ချပ်မှာ ခေါင်းအုံးသေးသေးလေးတွေကိုင်ပြီး ရပ်နေတဲ့ ရောင်ခြည်နှင့် ရောင်ဝါ့ကို မေးလိုက်တော့...
"Yes"

ကော်ဖီတစ်ခွက်၊ကြံရည်တစ်ခွက် နှင့် အချစ်တစ်ပွဲ (Completed)Where stories live. Discover now