အပိုင်း (၃)

13.1K 604 8
                                    

"သားကြီး ချချ ခွပ်ဟ!"
ဝတ်ထားတဲ့ ဘောင်းဘီအရှည်လေးကို ဒူးနေကနေ ဆွဲကိုင်ကာ အားတက်သရောပင်အော်ဟစ်နေ၏။

တစ်ဖက်ကလည်း သူ့တို့ကြက်ကို အပြိုင်အဆိုင်ပင် အားပေးအားမြှောက်လုပ်နေသည်။

"ရွှေဖ ခွပ်ဟ!"

"အကိုကြီး ကြက်နာမည်က ရွှေဖလား၊
ကြက်ဖကို ရွှေဖလို့ဘာလို့ပေးတာလဲဟင်"

ကိုယ့်ကြက်သူ့ကြက် အပြိုင်အားပေးနေရင်းကနေ လခြမ်းကွေးရဲ့ မေးမြန်ခန်းက စ,လာလေသည်။

"ရွှေတွေရအောင်လို့ ရွှေဖလို့ပေးတာအကွေးရာ"
ရွာထဲက ကျန်းမာရေးမှူးရဲ့သမီးတစ်ဖြစ်လဲ ဆွေကြီးမျိုးကြီးထဲက ၁၀တန်းအောင်ခါစ မိန်းကလေးမို့ စိတ်ရှည်ရှည်ထားကာဖြေပေးလိုက်ရသည်။

ကြက်လည်း သူ့ဦးလေးဆီကနေယူလာပြီးတိုက်တာမို့ ကြက်တိုက်တဲ့နေရာမှာ အားကောင်းတဲ့တိုက်ကြက်အမျိုးအစားပင်။ ကြက်ချင်းပြိုင်လည်း သူတို့ဘက်က ရှုံးပေမယ့်လည်း လခြမ်းကွေးနဲ့ သူတို့လိုကြက်အမြဲတိုက်နေတဲ့ သူတွေနဲ့ပြိုင်နေတာဖြစ်တဲ့အတွက် ပြိုင်ပွဲက သရေသဘောမျိုးဖြစ်နေသည်။

ကြက်ဆိုတာက ဘယ်လောက်ပဲတော်ပါစေဦး တိရစ္ဆာန်ပဲမို့ လူကအားပေးမှ အောင်နိုင်မည်။

"ဒါဆို သူရွှေတွေဥသလား၊
နေဦး နေဦး သူကဥကော ဥလို့ရသလား..."
လက်ခုပ်တီးနေတာကိုရပ်ပြီး တစ်ဖက်လူဆီက ကြက်ကို လက်ညှိုးထိုးကာမေးနေဟန်က သူမရဲ့ကြက်ကိုမေ့နေသည့်အလားပင်။

"မဟုတ်ဘူးလေးဟာ..နင့်ဟာကလည်း အမေးအမြန်းကထူရန်ကော အကွေးရယ်၊ နင့်ကြက်ကို ကြည့်ဦး မျက်ဖြူစိုက်နေပြီ"

"အယ် ဟုတ်သားပဲ၊ သားကြီး ချ ချ!!"
ထိုအခါမှ သူမလေးသည် ကိုယ့်ကြက်ကို အားပေးရကောင်းမှန်းသတိရသွားသည်။

သို့သော်လည်း အကွေးဟာ အားပေးချိန်နောက်ကျသွားလေပြီ။ သူမရဲ့ကြက်ဟာ ဝိုင်းထဲကနေထွက်ပြေးလေပြီမို့ ချက်ချင်းပြေးပြီးလိုက်ဖမ်းရသည်။

"အယ် မပြေးနဲ့၊ မပြေးနဲ့။
ရှုံးလည်းဘာမှမဖြစ်ပါဘူး..အသက်ရှင်ဖို့က အရေးကြီးတာပါ"
အပြေးတစ်ပိုင်းနဲ့ ကြက်ကို သြဝါဒတွေခြွေနေတဲ့ လခြမ်းကွေးရယ်ပါ။

ကော်ဖီတစ်ခွက်၊ကြံရည်တစ်ခွက် နှင့် အချစ်တစ်ပွဲ (Completed)Where stories live. Discover now