အပိုင်း (၁၄)

11.9K 510 28
                                    

"တီ တီိ.."

"ကောင်းရေ အိမ်တံခါးလေး သွားဖွင့်ပေးမလား.."
ဟင်းကျက်ခါနီးမို့ လခြမ်းကွေးအမေသည် သူမကိုမနက်စာအတွက် ဟင်းရွက်သင်ကူနေတဲ့ ကောင်းကိုအကူညီတောင်းလိုက်သည်။

အခုမှ မနက်၆နာရီကျော်မို့ အိမ်တံခါးတွေမဖွင့်ရသေးပါ။လခြမ်းကွေးနဲ့ သူမအဖေနဲ့ကလည်း အိပ်နေတုန်းမို့ အနီးအနားက ကောင်းကို ခိုင်းရသည်။

"ဟုတ်ကဲ့.."
ဟင်းရွက်သင်နေ ရာကနေ ထ,ပြီး ကောင်းတံခါးသွားဖွင့်ပေးလိုက်သည်။ အိမ်တံခါးကတော့ ချက်ထိုးထားတာဖြုတ်လိုက်ရင်ရသည်။ ခြံတံခါးကိုတော့ သော့ဖွင့်မှရမည်မို့...
"သော့ဘယ်နားမှာလဲ အမေ"ဟု အနောက်ထဲကို အော်မေးလိုက်သည်။

"What !!"

ကြားလိုက်ရတဲ့ ခေါ်သံကြောင့် ၁၀တန်းဖြေပြီးခါစ Speakingသင်တန်း ဆင်းပြီးဖြစ်သော ကြယ်စင်လင်းဟာ တအံ့တသြနဲ့ပင် ကားပေါ်ကာ ဆင်းလာပြီး ကောင်းကို အသေအချာကို စိုက်ကြည့်နေသည်။

"တံခါးဘေးက ခွက်လေးထဲမှာရှိတယ်ကောင်း.."

"ဟုတ် ရှာတွေ့ပြီ"

ကောင်း တံခါးဖွင့်ပေးချင်းမှာပဲ ကြယ်စင်လင်းက ကောင်းအနားကိုရောက်လာပြီး ကောင်း မေးဖို့မြန်းဖို့လုပ်ငန်းစ၏။

"ဘယ်သူလဲ၊ ဘယ်ကလာတာလဲ။
ဒီမှာဘာလုပ်တာလဲ"

"ဒီအိမ်က လခြမ်းကွေးရဲ့အမျိုးသားပါ"

"What the fuck !!
အဝန်းရေ ဒီမှာအကွေးယောကျာ်းလို့ပြောနေတာ"

ကားသွင်းဖို့အတွက် နေရာမဖယ်ပေးသေးတဲ့ ညီမဖြစ်သူကို အဝန်းစိတ်တိုနေတုန်းမှာ သူမလေးရဲ့စကားကြောင့် ရောင်နီဝန်း ကားစက်တောင်မသတ်နိုင်ပဲ ကားပေါ်ကနေဆင်းခဲ့လိုက်သည်။

"စကားတွေကို လျှောက်မပြောစမ်းနဲ့ သေသွားမယ်"

အဝန်းပုံက သွားကြားတိုးတိုက် လေသံနဲ့မို့ တကယ်ပင်စိတ်တိုနေသည်။

"ကျွန်တော် တကယ်ပြောတာ။
မနေ့ကပဲ ကျွန်တော်တို့လက်ထပ်လိုက်တာ"

"ဘာလို့လက်ထပ်တာလဲ"
ကြယ်စင်လင်းကပဲ မေးသည်။

"အကွေးမှာ ကျွန်တော်နဲ့ရတဲ့ကိုယ်ဝန်ရှိနေလို့ပါ"

ကော်ဖီတစ်ခွက်၊ကြံရည်တစ်ခွက် နှင့် အချစ်တစ်ပွဲ (Completed)Where stories live. Discover now