အပိုင်း (၂၀)

11.8K 519 67
                                    

"ဟောက်သံကြီးနဲ့...."ဟု ဆိုကာ ကျွန်တော့်လက်မောင်းပေါ်ကို ခေါင်းအုံးလာတဲ့ အကွေး။

အကိုမြတ်ဘုန်းအတွက် အခန်းပြင်မှာပဲ ခုံတွေသိမ်းပြီး အိပ်ရာခင်းပေးထားသည်၊ အိမ်က ကျဥ်းတာကတစ်ကြောင်း၊ အခန်းကလည်း အသံမလုံတာရောကြောင့် အခန်းပြင်က အကိုမြတ်ဘုန်းရဲ့ ဟောက်သံက အခန်းထဲကနေ ကြားနေရသည်။

"အိပ်ပျော်အောင် အိပ်လိုက်ပါ"

"အင်း မနက်ဖြန် ငါ ကွင်းကိုမလိုက်တော့ဘူးနော်၊
ကောင်း ဂရုစိုက်ဦး...."

"စိတ်မပူပါနဲ့ဗျာ....."
တကယ်တမ်းမှာ စိတ်ပူနေရတာ ကိုယ်တိုင်ဖြစ်နေသော်ငြား သူမလေးစိတ်မပူဖို့ကို ပြောရသေးသည်။တကယ်ဆို ကျွန်တော့်ရင်ထဲက အပူကို ကျွန်တော်သာသိသည်၊ မနက်ဖြန် ကွင်းကို မသွားချင်ပါ။အကွေးအနားမှာပဲ နေချင်သည်။

အကွေး အကိုမြတ်ဘုန်းနဲ့လိုက်သွားမယ်လို့ ပြောမှာကို သေလောက်အောင် ကြောက်ပြီး၊ အကွေးများ သူ့ကိုထားသွားမလားလို့ စိတ်ပူသော်လည်း ကျွန်တော် တည်ငြိမ်ပြမှရမည်။ ကျွန်တော်ဟာ အကွေးအတွက် အဆင်ပြေဆုံးသူဆိုတာကို အကွေးနားလည်လာပြီး ကျွန်တော့်အနားကနေ ထွက်မသွားနိုင်အောင် ကျွန်တော် ရင့်ကျက်မှရမည်။

သို့သော်လည်း ရင်ထဲက ပူလောက်မှုတွေဟာ မျက်ရည်တွေအဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းရဲ့ မျက်ခမ်းစပ်မှာ စမ်းရေသဖွယ် ကြည်လင်တဲ့ မျက်ရည်စီးတို့ က ခေါင်းအုံးဆီသို့ ကျဆင်းနေပြီ။ လခြမ်းကွေးကွေးလေးကတော့ ရင်ခွင်းနန်းမှာ နားအပ်ကာ ငြိမ်းချမ်းစွာနဲ့ ပင်အိပ်ပျော်သွား၏။

မနက်ခင်းမှာလည်း တိတ်ဆိတ်ခြင်းတွေနဲ့ပါ။ဘာလို့လဲဆို လခြမ်းကွေးလေးဟာ အေးအေးသာသာပင် အိပ်စက်နေပါသောကြောင့် ဖြစ်မည်။

"Morning ညီ၊"

"Morning အကို၊ အနောက်မှာ အကို့အတွက်သွားတိုက်တံ အသစ်နဲ့ မျက်နှာသစ်ဆေးဗူး အသစ် ဝယ်ပေးထားတယ်....ဒီကနေ ဆင်းသွားရင်ရတယ် အကို..."

နောက်ပေါက်ကို ဖွင့်ပေးပြီး ရေချိုးတဲ့ နေရာကို လမ်းညွှန်ပေးလိုက်သည်။

ကော်ဖီတစ်ခွက်၊ကြံရည်တစ်ခွက် နှင့် အချစ်တစ်ပွဲ (Completed)Where stories live. Discover now