Soulmate ep1

3K 79 7
                                    

Unicode

ချင်းမိုင်မြို့ရှိ အလယ်တန်းကျောင်းလေးတကျောင်းတွင် နေ့လည်ကျောင်းဆင်းချိန်ဖစ်တာကြောင့် ပြေးလွှားဆော့ကစားနေကြတဲ့ ကလေးများကိုတွေ့ရတယ်

ဟေး bright ငါ့တို့​ကိုလိုက်ဖမ်း....ဟားးဟားး

Bright-မိရင်မလွယ်ဘူးမှတ်မင်းတို့တွေ...

bright ဆိုတဲ့ 3 တန်းကျောင်းသားလေးဟာလဲ သူ့သူငယ်ချင်းတွေနဲ့အတူ စိန်ပြေးလိုက်တန်း ဆော့နေကြတယ်
bright ဆိုတဲ့ကလေးဟာ သူ့နာမည်လေးအတိုင်း မျက်နှာလေးက ကလေးရုပ်ဖစ်ပေမဲ့ချောမောလွန်းတယ် သူဌေးသားလေးတယောက်ဖစ်လို့ ဝတ်ပုံစားပုံကလဲသေသပ်တာကြောင့် ကလေးများကြားထဲမှာ မြင်လိုက်ရုံတဲ့ထင်းနေတဲ့
ခလေးတယောက် အပြုံးချိုချိုလေးနဲ့ အပေါင်းအသင်းများပီးလူချစ်လူခင်ပေါတဲ့ ခလေးလေးပေါ့

Bright- ဟားးးးမိပီကွ win မင်းလိုက်ရမဲ့အလှည့်ပဲ blah blah ဆိုပီး လျှာထုတ်ကာပြောင်ပြပီး ပြေးသွားတဲ့bright

Win ဆိုတဲ့ကလေးကတော့ ဖြူဖြူ လုံးလုံး ချစ်စရာကလေးငယ်လေးတယောက်ပေါ့ နှုတ်ခမ်းဖူးဖူးလေးတွေနဲ့ ရီလိုက်ရင် ပေါ်လာတဲ့ ရှေ့သွားလေး၂ ချောင်းကြောင့် ဖြူစင်တဲ့ယုန်ပေါက်လေးသဖွယ်

Win- bright မင်းကငါ့ကိုဖမ်းတယ်ပေါ့ တော်ပီကွာ မဆော့တော့ဘူး
Win က စိတ်ကောက်လဲသန်ပါသေးတယ် သူရှုံးရင်အဲ့လိုလဲညစ်တတ်သေး

Bright - ဟာ...winကလဲ ကစားတာပဲကို မင်းကိုမိလို့ဖမ်းလိုက်တာလေကွာ ​လာပါပြန်ဆော့ရအောင်
Bright ကတော့ win စိတ်ကောက်တိုင်းချော့နေကြပေါ့

Win- မဟုတ်ဘူး မင်းကသက်သက် ငါ့ကိုပဲလိုက်ဖမ်းနေတာ ​ကျန်တဲ့သူတွေကမဖမ်းဘူး တော်ပီ ငါမဆော့တော့ဘူး အခန်းထဲ ပြန်တော့မယ်

Bright- မင်းကလေ အမြဲအဲ့လိုကြီးပဲ ရှုံးပီဆိုတာနဲ့ မဆော့တော့ဘူး အကျင့်ကိုက

Win- ဘာဖစ်လဲကွာ မကျေနပ်ဘူးလား

ကလောင်...ကလောင်...ကလောင်

ကလေးတွေစကားများနေတုန်းမှာပဲ ကျောင်းခေါင်းလောင်ထိုးသွားတော့ စာသင်ခန်းထဲအပြေးဝင်သွားကြတယ်

Soulmate (complete)Where stories live. Discover now