Soulmate ep13

831 55 0
                                    

Part 13

Bangkok ကနေ ချင်းမိုင်ကိုပျံသန်းလာတဲ့ လေယာဥ်ဟာ ချင်းမိုင်းလေယာဥ်ကွင်းသို့ ဆိုက်ရောက်လာခဲ့တယ် ခဏနေတာ ခရီးသည်တွေ ဆင်းလာကြပီ အသီးသီး လိုရာခရီးကိုဆက်ဖို့ ပြင်ဆင်နေကြတယ်......

Win - ဝှား.....ပင်ပန်းလိုက်တာကွာ

လေယာဥ်ကွင်းထဲကထွက်လာပီး ကားငှားရန်စောင့်နေရင် win တယောက် လက်နှစ်ကို မြှောက်ကာ အကြောဆန့်လိုက်တယ်

Bright - လေယာဥ်ပေါ်လဲအိပ်လာတယ် အခုလဲ ရှိသမျှအထုပ်အကုန် ငါဆွဲလာရတာကို ဘာကိုပင်ပန်းနေရတာလဲ ပြောပါအုံး

Win - မင်းကအခု အထုပ်တွေတယောက်ထဲဆွဲရလို့ ငါ့ကိုအပြစ်ပြောနေတာလားပြော ငြိုငြင်တယ်ပေါ့

Bright -ဘသူကငြိုငြင်တယ်ပြောလို့လဲ မပြောပါဘူး ဟီး....

ခုနက လေသံမဟုတ်တော့ပါ သူလေသံထက် win လေသံက ​ပိုမြှင့်သွားတာကြောင့် bright ပြန်ငြိမ်လိုက်ရပါတယ်

Win - ဟွန်း....နေအုံး taxi ငှားအုံးမယ်

Bright - ဟုတ်

ခဏနေတော့ taxi တစ်စီးငှားပီး win တို့အိမ်ကို ခရီးဆက်ခဲ့ကြတယ်

မရောက်တာလဲ အတော်ကြာပီမို့လို့လားမသိ ချင်းမိုင်းက အရမ်းကိုအေးချမ်းပီးလှပနေတယ် bright ကားမှန်တံခါးကိုချပီး အပြင်ကိုငေးမောကြည့်နေမိတယ်
လမ်းတောက်လျှောက် ယာခင်းတွေ ခြံတွေစိုက်ထားပီး ဘေးပတ်လည်မှာ တောင်တန်းတွေနဲ့ ကာရံထားတဲ့ အလှဟာ စိမ်းစိုပီး ပန်းချီကားတချပ်သဖွယ်

Win - ဘလိုလဲ မရောက်တာကြာပီဆိုတော့ ပြောင်းလဲသွားလား

Bright - အင်း....ပိုပီးပြည့်စုံလာတယ်
ပီးတော့ အရမ်းသဘောကျတယ်

Win - ပတ်ဝန်းကျင်ကိုလား

Bright - ဟင့်အင်း....မင်းကို

win ဘက်ကိုလှည့်လာပီး ပြောလိုက်တဲ့စကားကြောင့် win ပြုံးလိုက်မိတယ်
bright က တခါတလေးလဲ အဲ့လိုအတည်ပေါက်နဲ့ flirt တတ်သေးတယ်
သူ့အတွက်ရိုးနေပီဆိုပေမဲ့ bright အဲ့လိုပြောတိုင်းတော့ ရင်ခုန်နေရတုန်းပဲ

Win - မင်းကတော့လေ....

Bright - ငါအတည်ပြောတာ ငါတယောက်ထဲလာတုန်းကဆို အခုလိုမခံစားမိဘူး အခုမင်းနဲ့အတူဆိုတဲ့ စိတ်က ငါ့ကိုပိုပီးပြည့်စုံစေတယ် ပီးတော့ အဲ့ခံစားချက်ကိုသဘောကျတယ်

Soulmate (complete)Where stories live. Discover now