Soulmate ep 19

666 36 3
                                    

Part 19

Bright တို့ inter ဆင်းတာ ပီးသွားပီမို့ ပုံမှန်အတိုင်းကျောင်းပြန်တက်ရပေမဲ့ ဘွဲ့ရဖို့လဲနီးပီဆိုတော့ စာတမ်းကပြုစုနေရသေးတယ် win ကလဲအရင်ပြသနာတခါတက်ပီးထဲက bright ကိုပိုပီးဂရုစိုက်လာတယ် ဒါမဲ့ win ကလဲ စာမေးပွဲနီးပီမို့ အခုဆို ညဘက်တွေတောင်သေချာမအိပ်ပဲစာအရမ်းလုပ်နေလို့ bright မာ စိတ်ပူနေတယ် အခုလဲ စာလုပ်နေတာ  bright တရေးနိုးလာလို့ထကြည့်တဲ့ထိ စာကြည့်စားပွဲရှေ့မာထိုင်နေတုန်း bright နာရီကိုတချက်လှမ်းကြည့်လိုက်တော့ ၁နာရီခွဲ

Bright - win အရမ်းနောက်ကျနေလေကွာ အခုထိမအိပ်သေးဘူးလား

Win - အော်...တရေးနိုးလာတာလား ဒီအခန်းလေးပီးရင်အိပ်မာပါ

Bright - မင်းအဲ့လိုဖစ်နေတာ ညတွေဆက်နေပီကွာ ကြာရင် ကျန်းမာရေးထိခိုက်လိမ့်မယ်ကွ

Win - ငါကဆရာဝန်ဆိုတာလဲမမေ့
နဲ့အုံးနော် စိတ်ချပါ ငါ့ကိုငါထိခိုက်တဲ့ထိမလုပ်ပါဘူး

Bright - ပြောလိုက်ရင်အဲ့လိုကြီးပဲ အခုလဲ တဖြည်းဖြည်းပိန်လာပီ မင်းတစ်ခုခုဖစ်ရင် ငါပဲရင်ကျိုးရမာ

Win - ဟုတ်ပါပီကွာ မင်းရင်ကျိုးရမဲ့အဖစ်မျိုးမရှိစေရဘူး အခုတော့ မင်ူပြန်အိပ်လိုက်အုံး မင်းလဲ စာတမ်းပြုစုရတာပင်ပန်းနေတာပဲကို

Bright - တော်ပီ မအိပ်တော့ဘူး ငါကအိပ်ပီးပီ မင်းပီးတဲ့ထိစောင့်နေမယ်

Win - အာ...အဲ့လိုမလုပ်ပါနဲ့ အိပ်တော့

Bright - တော်ပီ မင်းအိပ်မှငါအိပ်မယ်
ခဏနေအုံး မင်းသောက်ဖို့နွားနို့သွားယူပေးမယ်
win အပြောကိုစောင့်မနေတော့ပဲ မီးဖိုခန်းထဲသွားကာ win သောက်ဖို့ နွားနို့ထည့်ပီး ပြန်ယူလာပေးလိုက်တယ်

Bright - ပင်ပန်းနေပီလား ကိုယ်နှိပ်ပေးမယ်နော်

ဆိုပီး win ရဲ့ပုခုံးလေးတွေကို လက်နဲ့အသာအယာနှိပ်ပေးနေလိုက်တယ်

Win - ရပါတယ် ကွ မလုပ်ပါနဲ့ မင်းလဲပင်ပန်းတာပဲကို

Bright - ငါပင်ပန်းတာ မင်းလောက်တော့မဟုတ်ဘူးလေ မင်းကအမြဲစာကြည့်နေရတာ ပီးတော့ စာကြည့်တိုင်းမျက်မှန်ကတပ်ထားတော့ မျက်ရိုးတွေလဲကိုက်မာပေါ့

Soulmate (complete)Where stories live. Discover now