Soulmate ep44

968 46 12
                                    

Top ထွက်သွားတော့ bright win အနားပြန်လာခဲ့တယ် ကုတင်နားရောက်တော့ win ရဲ့လက်လေးကိုဆုပ်ကိုင်ပီး

Bright - ကိုယ့်အတ္တကြီးနေမိပီလားဟင်....ကိုယ်ကြောင့် win ပင်ပန်းနေရပီလား...ဘလိုလဲစဥ်းစား စဥ်းစား ကိုယ်လက်မလွှတ်နိုင်ဘူးကွာ...win ကိုယ့်ကိုကတိပေးခဲ့တယ်လေ ကိုယ်ဆီဆက်ဆက်ပြန်လာမယ်ဆို....အခုကိုယ့်ဆီအမြန်ပြန်လာပါတော့ကွာ...ဒီပုံစံအတိုင်း ကိုယ်win ကိုလက်လွှတ်လိုက်ရတော့မှာလားကွာ...

win ရဲ့လက်လေးကို သူ့လက်လေးနှစ်ဖက်နဲ့ဆုပ်ကိုင်ကာ နှဖူးထားကပ်ထားလိုက်ရင်း ခေါင်းငုံ့ကာ မျက်ရည်တသွင်သွင်ကျနေမိတော့တယ်...
.....................

Bright - ကျွန်တော့ကို တစ်လအချိန်ပေးပါ p'top

ရုတ်တရက် bright စကားပြောစရာရှိတယ်ဆိုပီးသူ့အခန်းထဲဝင်လာကာရုတ်တရက်ပြောလိုက်တာကြောင့် အံ့သြမိတယ် အဲ့နောက် bright ဆက်ပြောလာတဲ့စကားကြောင့် သက်ပြင်းချရပြန်တယ်

Bright - ဒီတစ်လပီးလို့ win သတိမရလာခဲ့ရင် အကိုတို့ပြောသလိုလုပ်ပါ့မယ်

Top - bright အဆင်ပြေရဲ့လား
တဂယ်လို့ အဆင်မပြေရင်မလုပ်ပါနဲ့

Bright - နောက်လ ကျွန်တော်တို့ ၁၀ နှစ်ပြည့် anniversary ရှိတယ်အကို အဲ့နေ့လေးတော့ win နဲ့အတူရှိချင်သေးတယ်

Top - bright အဆင်ပြေသလိုလုပ်ပါ တဂယ်လို့စိတ်ပြောင်းသွားရင်လဲအချိန်မရွေးပြောလို့ရတယ်

Bright - ဟုတ် p'top

ဒီလို့နဲ့ တစ်လလုံး bright win အနားမှာအရိပ်တကြည့်ကြည့်ဂရုစိုက်စောင့်ရှောက်ပေးခဲ့ပေမဲ့ win ကတော့အရင်အတိုင်း အိပ်စက်လျက်သာ...
.........................

ဒီနေ့လေးက bright နဲ့ win တို့ ချစ်သူသက်တမ်း ၁၀နှစ်ပြည့် bright win ကိုရေပတ်တိုက် ကိုယ်လက်သန့်ပေးလိုက်ပီး သူကိုယ်တိုင်လဲ shirt အဖြူလက်ရှည်နဲ့ စတိုင်ဘောင်းဘီအညိုရောင်လေးဝတ်ဆင်လိုက်တယ် လက်မှာတော့ win ပေးထားတဲ့ handchain လေးကနေရာယူပီး လည်ပင်းမှာတော့သူမွေးနေ့လက်ဆောင်ပေးခဲ့တဲ့ နေမင်းပုံစံဆွဲကြိုးမျှင်လေးက တလက်လက်
ခဏနေတော့ အပြင်ထွက်သွားလိုက်တယ်...

Soulmate (complete)Where stories live. Discover now