Soulmate ep42

821 47 2
                                    


ဒီနေ့တပတ်ပြည့်တဲ့နေ့ win အခုထိပြန်သတိရလာသေးပေမဲ့ အရင်တခါလိုဆိုးဝါးတဲ့အခြေအနေလဲမရှိခဲ့ ဒီနေ့ကအဆုံးအဖြတ်ပေးမဲ့နေ့ပဲလို့ doctor ကပြောခဲ့တယ် ဒီနေ့ကိုသာထပ်ပီးကျော်ဖြတ်နိုင်ရင် win အတွက်အသက်အန္တရာယ်မစိုးရိမ်ရတော့ဘူးတဲ့....bright ကတော့ စခွဲစိတ်ပီးတဲ့နေ့ထဲက win အခန်းရှေ့အမြဲရှိနေခဲ့ပီး ညဘက်ခဏနားတဲ့အချိန်လေးသာ win ရဲ့ရုံးခန်းက အိပ်ခန်းမှာအိပ်ခဲ့တယ် အစားလဲဝင်ရုံလောက်သာစားပီး စိတ်ကတော့ win အတွက်သာအားတင်းထားခဲ့တယ် မိဘတွေကလဲ နေ့တိုင်းလာကြည့်ပေမဲ့ ညအိပ်တော့မစောင့်ခိုင်းခဲ့ win သိရင်လဲခွင့်ပြုမှာမဟုတ်လို့ bright တယောက်ထဲသာ win အနားအချိန်ပြည့်စောင့်ကြည့်ခဲ့တယ် အခုလဲအခန်းထဲ အိပ်စက်နေတဲ့ကောင်လေးကို မှန်ခြားထားတဲ့ရှေ့ကနေ ရပ်ကြည့်နေမိတယ်
အသက်ရှုပိုက်ကို ပါးစပ်မှာတပ်ထားပီး ရင်ဘတ်မှာလဲ နှလုံးခုံတိုင်းကိရ်ိယာအစုံတပ်ထားတယ် လက်ခုံမှာလဲ ဆေးပိုက်တွေတပ်ထားတာကြောင့် win ဘလောက်နာကျင်လိမ့်မလဲ.....ခွဲစိတ်ထားတာကြောင့် ခေါင်းကလဲပတ်တီးအဖြူရှိနေသေးသည်....

Bright - အရမ်းပင်ပန်းနေပီလား...ဒါမဲ့လဲ ဆက်ပီးကြိုးစားပေးပါအုံးနော် ကိုယ်စောင့်နေမှာမို့ ဆက်ဆက်ကြိုးစားပေးပါနော်.....

မှန်လေးကိုကိုင်ကာ တဖွဖွပြောနေတဲ့ကောင်လေးရဲ့စကားတွေကို အထဲမှာအိပ်စက်နေတဲ့ကောင်လေယကမကြားနိုင်ခဲ့.....
.......................
bright ညစာ သွားစားပီး win ဆီပြန်လာတော့ win အခန်းရှေ့ မှာ ရုတ်ရုတ်သဲသဲဖစ်နေတာကြောင့် ပူထူသွားပီး အမြန်ပြေးသွားမိတယ်
အခန်းရှေ့ရောက်တော့ pearl နဲ့ p'top ကလဲရှိနေတယ် မျက်နှာမှာလဲစိုးရိမ်မှုတွေကအထင်းသား သူ့ကိုလဲစိတ်မကောင်းတဲ့မျက်လုံးတွေနဲ့ကြည့်နေခဲ့တယ်... မဟုတ်ဘူးမလား သူခဏလေးမရှိတဲ့အချိန်မှာ win ကသူ့ကိုထားသွားတာတော့မဟုတ်ဘူးမလား.....
bright မေးမထွက်ပေမဲ့ pearl ကတော့နားလည်သလိုကြည့်ကာ

Pearl - win ထပ်ပီး shock ဝင်သွားတယ် စိုးရိမ်ရတယ်

pearl ပြောတဲ့စကားကြောင့် အခနကိုလှမ်းကြည့်လိုက်တော့ ဆရာဝန်တွေနဲ့အတူအသက်လုနေပြန်တဲ့ win
ဒီမြင်ကွင်းက သူ့ကိုအသက်ရှုရပ်တန်နိုင်လောက်တဲ့အထိ ဖစ်စေတယ်
မှန်အနားချက်ချင်းပြေးသွားမိပီး

Soulmate (complete)Où les histoires vivent. Découvrez maintenant