Soulmate ep 22

623 39 4
                                    

ဒီနေ့ကတော့ bright တို့သူငယ်ချင်းတွေဘွဲ့ယူတဲ့နေ့လေးဖစ်တာကြောင့် bright မိဘတွေရော win မိဘတွေပါ ကျောင်းကိုလိုက်လာကြတယ်

Win - bright ဒီဘက်လှည့်အုံး ကြည့်ရအောင်အဆင်ပြေရဲ့လားလို့

Bright - ဘလိုလဲ ကိုယ်ချောရဲ့လား

Win - ချောတာပေါ့ ဘသူ့ကောင်လေးမို့လို့လဲ
bright ရဲ့ ဘွဲ့ဝတ်စုံလေးကိုသေသေသပ်သပ်ပြင်ပေးရင်းဂုဏ်ယူတဲ့လေသံနဲ့ပြောလိုက်တယ်

Bright - ဟောဒီက ချစ်ဖို့ကောင်းတဲ့အချစ်လေးရဲ့ ကောင်လေးလေ
သူ့ကိုသေချာ ပြင်ဆင်ပေးနေတဲ့ ကောင်လေးရဲ့ ပါးလေးကိုဆွဲညစ်ရင်းပြောလိုက်တယ်

Mike - အဟမ်း အဟမ်း ငါတို့ရှိတာမေ့နေတာလား

Fong - အေးလေကွာ ငါတို့ကိုအားမနာတောင် ဘေးက လူကြီးတွေကိုတော့အားနာသင့်ပါတယ်

အဲ့တော့မှ ဘေးကနေပြုံးပီးကြည့်နေတဲ့ bright ရဲ့မိဘတွေနဲ့ win ရဲ့မိဘတွေကိုသတိရကြတယ်

Bright por - အမလေး သားတို့ရေ သူတို့ro တာဦးတို့ကရိုးနေပီ ဟား....ဟား...

Win par - ဟုတ်ပ ချင်းမိုင်လာတိုင်း နှစ်ယောက်သား ခွာလို့ကိုမရတာ

Win - ဟာ....ပါးကလဲ ဘာတွေပြောနေတာလဲ

Win par - ဟား....ဟား...ငါ့သားကရှက်နေပီဟေ့...

Bright - သားရဲ့အချစ်ကလေးကို ဝိုင်းမစကြပါနဲ့ဗျာ

All - ဟား....ဟား.....

Boss - ကဲကဲ ဓာတ်ပုံရိုက်မယ်ဗျို့ နေပါအုံး ဒါက pre wedding ပုံနဲ့တူနေမလား
boss ပြောလဲ ပြောချင်စရာပါ bright နဲ့win ကအလည်မှာရပ်ပီး နှစ်ဖက်မိဘတွေက ဘေးတဖက်စီမာအသီးသီးရပ်နေကြတာ

Bright - ဟေ့ကောင် ရိုက်စရာရှိရိုက် စကားကိုများတယ်

Boss - အေးပါကွာ စတာပါ ok ရိုက်မယ် 1 2 3 ချလပ်...ရပီ

ပုံလေးထဲမာ ပြုံးရွှင်နေတဲ့ကောင်လေးနှစ်ယောက်ရယ် ပီတိတွေနဲ့ကျေနပ်နေတဲ့မိဘတွေရဲ့အပြုံးလေးတွေရယ် နဲ့ အဓိပ္ပါယ်ရှိနေလေရဲ့.....
.........................
ကိစ္စတွေအားလုံးပီးတော့ win မိဘတွေက bright မိဘတွေအိမ်ကိုပဲ ပြန်လိုက်ပီး bright နဲ့ win ကတော့ သူတို့ရဲ့အိမ်လေးကိုပြန်လာခဲ့လိုက်တယ်
တစ်နေကုန်လဲပင်ပန်းလာတာမို့ အိမ်ရောက်တာနဲ့ နှစ်ယောက်သား ကုတင်ပေါ် ပစ်လှဲချကာ သက်ပြင်းပြိုင်တူချလိုက်တယ်

Soulmate (complete)Место, где живут истории. Откройте их для себя