Soulmate ep 15

802 57 6
                                    

Win - fong ငါတို့ဒီမာ

bright နဲ့win ဆိုင်တဆိုင်မာထိုင်စောင့်နေရင်း fong လာတာမြင်လို့ လက်လှမ်းပြလိုက်တယ်

Fong - အမလေး တွေ့ပါတယ်နော်

Win - တွေ့လဲပီးတာပဲကွာ

Fong - bright ဘလိုနေလဲ ဒီကောင်မင်းကို့သူ့အိမ်ခေါ်ပီး အနိုင်ကျင့်သေးလား

Bright - ပြောမနေနဲ့ကွာ ပါး မား ကသဘောကောင်းသလောက် သူကတော့အမြဲ ဆူနေတာပဲ

Win - ဘယ်မာဆူလို့လဲ မင်းလုပ်တာရောဟုတ်လို့လား မျက်နှာကအမြဲပြောင်နေပီးတော့

Bright - အော်...ဒါကတော့ ငါကမင်းကိုချစ်လို့စတာလေ

Win - အပိုတွေမပြောနဲ့

Bright - ဟာ...အတည်ပါဆ်ို

Fong - ဟေ့ကောင်တွေ မင်းတို့ငါ့ရှေ့လာပီး အချစ်စမ်းပြနေတာလား မျက်စိနှောက်လာရင် ရှိတာနဲ့ကောက်ပေါက်မှာနော်

Bright Win - ဟား......

တဖြည်းဖြည်း ညနေစောင်းကနေ မှောင်ရီသန်းလာချိန်မှာတော့ ချင်းမိုင်မြို့ရဲ့လမ်းမပေါ်မှာ အစီအရီထွက်လာတဲ့ စျေးဆိုင်တန်းတွေ မီးရောင်ဖျော့ဖျော့အောက်မှာ အပြင်အဆိုင်လှပနေတယ်
တောင်ပေါ်မြို့လေးဖစ်တာကြောင့် နေဝင်လာတာနဲ့ အအေးဓာတ်လေးက ပိုလာခဲ့တယ် ရာသီဥတုအေးအေးလေမှာ ချစ်သူနဲ့လက်တွဲကာ ညစျေးလေးကိုယပတ်ပီးလျှောက်လည်ရတာလဲ တန်ဖိုးမဖြတ်နိုင်တဲ့ကြည်နူးမှုတွေထဲကတစ်ခု

Bright - win အေးနေလား ဒီလိုလေးထားလိုက် နွေးသွားလိမ့်မယ်

win ရဲ့လက်လေးတဖက်ကိုသူ့လက်တစ်ဖက်နဲ့စုပ်ကိုင်ထားပီး သူဝတ်ထားတဲ့ ကုတ်အကျီအိတ်ကပ်ထဲထည့်ထားလိုက်တယ်

Win - အင်း ပိုနွေးသွားပီ

သူတို့နောက်ကလိုက်လာတဲ့ fong မာလဲ ပါးစပ်ကသာအမြင်ကပ်တယ်ပြောပေမဲ့လက်တွေ့ကျတော့

Fong - bright win နောက်ကိုလှည့်ကြည့်အုံး

Bright - fong ဘာလို့လဲ

Fong - မင်းတို့ကို vd ရိုက်နေတာလေ အမှတ်တရပေါ့ နောက်ကျပြန်ကြည့်ရအောင်

Bright - ဟာ...ဒီလိုကျလဲအားကိုးရသား ဆက်ရိုက် ငါကြိုက်တယ် ဟီး...

Soulmate (complete)Where stories live. Discover now