Soulmate ep36

887 41 7
                                    

win အတော်ကြာ ငိုကြွေးပီးနောက် သူ့စိတ်သူထိန်းချုပ်လိုက်တယ် ဒီကိစ္စက ဘသူ့ကိုမှလဲအပြစ်တင်ခွင့်မရှိသလို ငိုကြွေးနေရုံနဲ့လဲမပီးဘူးလေ....
နောက်ဆုံး သူရောဂါအ​ခြေအနေကိုသေချာပြန်ကြည့်ပီး ရောဂါဖစ်စဥ်တွေ ခွဲစိတ်မှုရလဒ်တွေ အကြောင်းကို ပြန်ရှာကြည့်လိုက်တယ်....ကြိုသိခဲ့ပီး ခွဲစိတ်ခဲ့ရင်အခြေနေမဆိုးနိုင်ပေမဲ့ အခုကသူရဲ့ ပေါ့လျော့မှုကြောင့် အကြိတ်ကအမြစ်တွယ်နေခဲ့ပီ ခွဲစိတ်မှုအောင်မြင်ရင်တောင် ချက်ချင်းနှိုးမလာပဲ coma ဝင်တဲ့ထိဖစ်နိုင်သလို နှိုးလာခဲ့ရင်တောင် မျက်ကြည်လွှာကိုထိခိုက်နိုင်တာကြောင့် မမြင်ရတော့တာလဲဖစ်နိုင်တယ် ဒါမဲ့ ဒါတွေကအဆိုးဆုံးအခြေနေပါ အခုခေတ်မှာဆေးပညာလဲတိုးတက်နေတော့ အဲ့လောက်မဆိုးတာလဲဖစ်နိုင်တယ်....
ဒါမဲ့ ဘာပဲဖစ်ဖစ် အဆိုးဆုံးအခြေအနေကိုတော့ ကြိုတွက်ထားခဲ့တယ်...
တဂယ်လို့ သူသာတစ်ခုခုဖစ်သွားခဲ့ရင် လို့တွေးလိုက်တော့ ပါးနဲ့မား မျက်နှာကိုမြင်ယောင်ပီး မျက်ရည်ကျမိပြန်တယ် ပါးကပိုဆိုးမှာ သူ့ကိုယ်သူအပြစ်တင်လို့ဆုံးမှာမဟုတ်ဘူး ပီးတော့ bright သူအရမ်းချစ်ရတဲ့သူကရော ဘလိုနေမှာလဲ ပျော်နေမှာလား သူ့ကိုယ်သူအပြစ်တင်နေမှာလား ပီးတော့ သူ့ကိုအရာရာဂရုစိုက်တဲ့ por mae သိရင်ရော ဘလောက်ဝမ်းနည်းနေမလဲ ပီးတော့
အမြဲအနားမှာအားပေးတဲ့သူငယ်ချင်းတွေ ပီးတော့ သူ့ကိုပဲအရိပ်လိုကြည့်နေခဲ့တဲ့ phi drake.....
အခုလိုအချိန်မှာတောင် ကိုယ့်ကိုကိုယ်ထက် တခြားသူတွေကိုစိတ်ပူနေမိတယ်
နောက်ဆုံးတော့ အားလုံးအတွက်သူ ဆုံးဖြတ်ချက်တခုချလိုက်တယ်....
အနည်းဆုံးတော့ သူ့ကြောင်းဘသူမှမခံစားရစေနိုင်မဲ့ ဆုံးဖြတ်ချက်တခုပေါ့

Win - hello fong

Fong - အေး ပြော ညကြီးမိုးချုပ် ဘာဖစ်လို့လဲ

Win - မနက်ကျရင် ငါမင်းဆီလာခဲ့မယ်ပြောမလို့ပါ

Fong - ဟမ်...မင်းဘာဖစ်လို့လဲ နေမကောင်းဘူးလား

တဖက်က ပြာပြာသလဲ ဖစ်သွားတဲ့အသံကို ကြားတော့ win ပိုပီး စိတ်မကောင်းဖစ်မိတယ် သူ့ကိုစိတ်ပူတဲ့လူတွေကို ထပ်ပီးဒုက္ခမပေးချင်ပါ

Soulmate (complete)Where stories live. Discover now