Soulmate ep29

698 38 4
                                    

Win တို့ဆေးရုံဖွင့်ခဲ့တာ တစ်လ ကျော်ပီ ဆေးရုံက ပစ္စည်းတွေက ခေတ်မှီတဲ့အပြင် ဆရာဝန်တွေကလဲ တော်တဲ့သူတွေမို့ လူသိများလာခဲ့တယ်  အလုပ်တွေများလာတဲ့အတွက် ညဘက်တွေဆို win သူ့ရုံးခန်းမှာရှိတဲ့ အိပ်ခန်းမှာပဲအိပ်ဖစ်တယ် fong ကတော့ သူ့အိမ်မှာလာနေစေချင်မဲ့ fong ကိုလဲ ထပ်ပီး ဒုက္ခမပေးချင်တော့တာကြောင့် win သူ့ရုံးခန်းမှာသာနေဖစ်တော့တယ် ပစ္စည်းလဲများများစားစား မရှိတာကြောင့် သိပ်ပီး အလုပ်မရှုပ်ခဲ့ဘူးပေါ့
ပီးတော့ bright ကိုလဲ win ထပ်မတွေ့ခဲ့ပါဘူး သူ့ကြောင့်နာကျင်နေတဲ့ bright ကိုမြင်ရင် သူပိုပီးခံစားရလို့လေ...

win ဆေးရုံမှာ round လှည့်နေရင်း
ပြင်ပလူနာဌာနဘက်ရောက်တော့

Baby- အား...မသောက်ချင်ဘူး ဆေးမသောက်ချင်ဘူး .....

ဆေးမသောက်ချင်လို့ဂျီကျကာငိုနေတဲ့ခလေးမလေးတစ်ယောက်

Mom- သမီးလေးရယ် သောက်လိုက်ပါ ဆေးသောက်မှ ပျောက်မှာပေါ့

Nurse - သောက်လိုက်ပါသမီးလေးရယ် ဆေးကအရမ်းမခါးပါဘူး

Baby - ဟင့်အင်း....ခါးတယ် ခါးတယ် မသောက်ဘူး....

win လဲကြည့်မနေနိုင်တော့တာကြောင့် ခလေးမလေး ဆီလျှောက်သွားလိုက်ပီး

Win - မီးမီးက ဆေးမသောက်ချင်လို့လား

Baby - ဟုတ် ဆေးက ခါးတယ် မကြိုက်ဘူး

Win - ဒါမဲ့ ဆေးမသောက်ရင် မီးမီးကနေမကောင်းဖစ်နေအုံးမှာပေါ့ အဲ့တာဆို ကစားကွင်းလဲမသွားရဘူး စားချင်တာလဲမစားရတော့ဘူးလေ

Baby - ဟင့်...ဒါမဲ့ မသောက်ချင်ဘူး ဟင့် ဟင့်....

Win- ဒီမှာ ဦးဦးက သကြားလုံးကျွေးမယ်လေ မီးမီးဆေးသောက်ပီးတာနဲ့ ဦးဦးကကျွေးမှာနော်

win သူ့ရဲ့ ဂျူတီcoat ထဲက အချိုမများတဲ့ သီးစုံသကြားလုံးလေးတွေထုတ်ပြလိုက်ပီးပြောလိုက်တယ်

Baby - ဟင့် တဂယ်နော်

Win - တဂယ်ပေါ့ ကဲ မီးမီး ရော တခုအရင်စားလိုက်

win သူ့လက်ထဲက ချိုချဥ်လေးတခုအရင်ကျွေးလိုက်တော့ အားရဝမ်းသာယူလိုက်တဲ့ခလေး လေး ကိုကြည့်ပီး win ပြုံးလိုက်တယ်

Soulmate (complete)Tempat cerita menjadi hidup. Temukan sekarang