Soulmate ep27

658 37 2
                                    

Fong - မင်းဆေးရုံကိုဘယ်တော့ဖွင့်မာလဲ win

မနက်စာ စားနေရင်း fong ကမေးလိုက်တယ်

Win- အင်း...ရက်ကိုအရင်ကြည့်လိုက်အုံးမယ် လိုအပ်တဲ့ပစ္စည်းတွေကတော့အကုန်ဆုံပီ ဆရာဝန်နဲ့ သူနာပြုတွေကလဲ ရှိသင့်သလောက်ရှိနေပီဆိုတော့ နောက်တပတ်လောက်ဆိုဖွင့်လို့တော့ရပီ

Fong - မင်းမိဘတွေကိုရောမခေါ်ဘူးလား

Win - မင်းလဲသိတာပဲ bright ဆေးရုံတက်ရတဲ့ကိစ္စနဲ့ပက်သက်ပီး သူတို့ငါ့ကိုစကားကောင်းကောင်းမပြောတော့တာ
ဒါမဲ့ ခဏနေတော့ငါဖုန်းလှမ်းဆက်မှာပါ

ဟုတ်ပါတယ် win မိဘတွေက win လဲအဆက်အသွယ်တော့ရှိခဲ့ပေမဲ့ စကားတော့ကောင်းကောင်းမပြောခဲ့ bright လက်ကောက်ဝတ်ဖြတ်ပီး ဆေးရုံတက်ခဲ့ရတဲ့အချိန်ထဲကပေါ့ ဒါမဲ့ လွန်ခဲ့တဲ့၂ နှစ်က သူပြန်မလာဖစ်ဘူးလို့ပြောလိုက်တော့ အခြေအနေကပိုဆိုးသွားခဲ့တာပေါ့ ၂နှစ်လုံး ဖုန်းတောင်မဆက်ခဲ့ win ဘက်ကဆက်ရင်တောင် နေကောင်းလား ဘာညာမေးပီးဖုန်းချခဲ့တာကြီးပဲ brightရဲ့ မိဘတွေကတော့ win ကိုအပစ်မတင်ရက်ခဲ့ win ကိုလဲနားလည်ပေးခဲ့ကြတယ် bright ရဲ့ por ကပိုပီး win ကိုအားပေးခဲ့တယ် win ထွက်သွားတာ သူ့အကြံပေးမှုကြောင့်လဲပါတယ်ဆိုပီး win ကိုအစစအရာရာကူညီခဲ့ပေမဲ့ win ကတော့ သူ့ဘာသာကြိုးစားခဲ့တယ်

Fong - ဟင်း.....မင်းလဲနော် တယောက်ကြိတ်ခံစားနေတယ် ဘာပဲဖစ်ဖစ် bright မိဘတွေက မင်းကိုနားလည်ပေးလို့တော်သေးတာပေါ့ကွာ

Win - အင်း တဂယ်ဆိုငါ့အပစ်တွေပါ သူတို့ငါ့ကိုမုန်းရင်တောင် ငါခံရမာပဲလေ

Fong - မင်းကိုတနေ့တော့နားလည်လာမာပါ.....bright ရောပေါ့

Win - အင်း....ငါကြိုးစားမာပါ အဲ့လိုဖစ်အောင်

Fong - ကဲ့ပါ လောလောဆယ်တော့ ဆေးရုံမဖွင့်ခင် နားလိုက်အုံး ငါလဲ company သွားတော့မယ် မနေ့ကလဲ မင်းကိုသွားကြိုလို့ နေ့ခင်းဘက်ပျောက်သွားတာကို မျက်ထောင့်နီနဲ့ကြည့်နေတာ CEO ကြီးက

Win - ဟား...အေးပါကွာ မင်းတို့ပြောတာ ငါ့ကောင်လေးလဲ ရစရာမရှိတော့ပါဘူး

Fong - မင်းမကြုံဖူးသေးလို့ပါ မင်းတွေ့မှ ယုံမယ် ငါတို့မှာတနေ့တနေ့ ဘယ်တော့ ပေါက်ကွဲမလဲမသိတဲ့ချိန်ကိုက်ဗုံးနဲ့နေနေရသလိုပဲ

Soulmate (complete)Where stories live. Discover now