Soulmate ep45

1.2K 60 9
                                    

ရုတ်တရက် သူ့ခေါင်းကိုလာထိတဲ့အထိအတွေ့ကြောင့် bright ထိုင်နေရာမှ ချက်ချင်းထပီး

Bright - win......

အားလုံးကလဲ win ပြန်သတိရလာတာလားဆိုပီး ထပ်အတည်ပြုကြည့်ကြပြန်တယ်

Bright - win.....တဂယ်လား ကိုယ်အထင်မှားတာလား

bright win ပါးကိုဖွဖွကိုင်ကာကြည့်နေတုန်း win ဘက်ကလဲ အားယူကာမျက်လုံးဖွင့်လာခဲ့တယ်

Bright - ဟင်....တဂယ် တဂယ်ပဲ တဂယ်သတိရလာတာပဲ ဟာ...တဂယ်ပဲကွာ.... ဟာ....

ပြုံးရယ်နေပေမယ် မျက်ရည်များကလဲ အဆက်မပြတ်ကျကာ win ရဲ့ပါးလေးကိုကိုင်ပီး မယုံနိုင်စွာပြောနေမိတယ်

Win - အရူးကောင်.....

Bright - ဟင်....

Win - ငါဘလောက်စိတ်ပူခဲ့ရလဲသိလား....မင်းတခုခုဖစ်သွားမှာစိုးရိမ်နေခဲ့တာ...

Bright - ဟင်....မဟုတ်မှ ကိုယ်ပြောတာတွေ ကြားခဲ့တာလား အဲ့တာကြောင့် ပြန်နိုးလာတာလား

win က coma ဝင်ကာ အိပ်နေခဲ့ပေမဲ့ bright ပြောတဲ့စကားတွေအားလုံးက သူကြားနိုင်ခဲ့ပါတယ် bright သူမရှိရင်ဆက်မရှင်ဘူးလို့ ပြောခဲ့ထဲက သူ့ခန္ဓာကိုယ်က တုံ့ပြန်တဲ့အနေနဲ့ မျက်ရည်စလေးကျခဲ့ပေမဲ့ bright ကမသိခဲ့
ဒီနေ့လဲ win အနားကပ်ကာ သူပါလိုင်လာမယ်ဆိုပီး ပြောခဲ့တာလဲ ထပ်ကြားခဲ့ပါတယ် စိတ်ကြောင့်ပဲလား သူတို့ရဲ့အချစ်စစ်ကြောင့်ပဲလားမသိ win အားတင်းပီး ပြန်နိုးထလာနိုင်ခဲ့တာပါ.....

Win - အင်း...နောက်တခါသေမယ်ပြောရင် ငါကိုယ်တိုင်သတ်ပစ်မယ်

Bright - ဟား....win ရယ်....win ပြန်သတိရပီလေ ကိုယ်ဘာလို့သေရမှာလဲ ကိုယ်win အနားပဲရှိနေမှာပေါ့

Win - အခုဘသူကိုမှ အော်မနေနဲ့တော့ ငါအရမ်းပင်ပန်းနေပီ မင်းအသံကြောင့်ထပ်နိုးလာတာ

win ကခုနထဲက သတိသေချာပြန်ရလာခဲ့ပီ သူငယ်ချင်းတွေbright ဆီသွားတဲ့နောက်ပိုင်း သူစကားလဲသေချာပြန်ပြောနိုင်ခဲ့တာပါ ဒါမဲ့လူကအားမရှိတာကြောင့် ပြန်အိပ်ပျော်သွားခဲ့ပေမဲ့ bright ရဲ့ငိုနေသံကြောင့် ပြန်နိုးလာခြင်းဖစ်တယ်

Soulmate (complete)Where stories live. Discover now