Soulmate ep49

997 44 5
                                    

ကြည်လင်နေတဲ့မိုးသားကောင်းကင်အောက်မှာ ငှက်လေးတွေကပျံဝဲလို့
ဆောင်းအကုန် နွေအကူး မပူမအေးရာသီဥတုလေးကြောင့် နေရတာကောင်းတဲ့နေ့လေးတနေ့.....

bangkok မြို့ရဲ့နာမည်ကြီး 5stars hotel တခုရဲ့ခန်းမကြီးမှာတော့ ကြည်နူးဖွယ် တီးလုံးသံတွေပျံ့လွင့်နေပီး ခန်းမတွင်းရှိလူတွေရဲ့မျက်နှာမှာလဲ ပြုံးရွှင်ရည်မောလျက်...

တဖက် နားနေခန်းမှာတော့ စိတ်လှုပ်ရှားနေတဲ့ အမျိုးသားလေး၂ဦးဟာ တယောက်လက်ကိုတယောက်ကိုင်ရင်း အားပေးတဲ့အကြည့်နဲ့ကြည့်ရင်း အပြုံးတွေဝေနေကြတယ်....

ဒီနေ့ကတော့ brightwin တို့ရဲ့မဂ်လာ
ဧည့်ခံပွဲနေ့လေးပါ ချင်းမိုင်မှာလက်ထပ်ခွင့်တောင်းခဲ့ပီး ၂လအကြာမှာ bangkok မှာလက်ထပ်ပွဲလေးပြုလုပ်ဖို့စီစဥ်ခဲ့ခြင်းဖစ်တယ်....စိတ်ရှိအတိုင်းဆို ချက်ချင်းလုပ်ချင်ပေမဲ့ တသက်မှာတခါ အခမ်းနားဆုံးဖစ်ချင်တဲ့စိတ်ကြောင့် ၂လအချိန်ယူပီး အားလုံးအကောင်းဆုံးဖြစ်အောင်ပြင်ဆင်ခဲ့ခြင်းဖစ်တယ်....

အခုတော့ သူတို့ပြင်ဆင်ခဲ့တဲ့အတိုင်း စိတ်ကူးထဲကမဂ်လာပွဲလေးဟာ ဒီနေ့မှာအထမြောက်ခဲ့ပီ ပျော်ရွှင်ကြည်နူးရ
သလို တဖက်မှာလဲ စိတ်လှုပ်ရှားမှုက
အပြည့်...အမျိုးသား၂ဦးရဲ့ မဂ်လာပွဲကို
သဘောမတွေ့ချင်တဲ့ ပတ်ဝန်းကျင်ရှိခဲ့ ပေမဲ့လဲ အခုအချိန်မှာ ထိုအမျိုးသား၂ဦးက အားလုံးရဲ့ထိပ်ဆုံးကလူ၂ဦးဖစ်တာကြောင့် ဘသူမှ မော်
မကြည့်ရဲခဲ့.... ဒီလိုဖစ်လာအောင်လဲ ကြိုးစားပီး ဖြတ်ကျော်ခဲ့ရတာတွေကလဲ နည်းမှမနည်းပဲ
အခုဆို သူတို့ရဲ့ မဂ်လာပွဲဟာ နာမည်ကြီးသတင်းတခုဖစ်နေခဲ့ပီ ဖိတ်ကြားထားသူတွေကလဲ ဆောက်လုပ်ရေး နဲ့ ဆရာဝန် လောကရဲ့နာမည်ကြီးသူတွေဖစ်သလို့ မီဒီယာတချို့ကပါ သတင်းလိုချင်လို့ တက်ရောက်ကြတယ် win အနေနဲ့ လူရှုပ်တာမကြိုက်ပေမဲ့ သူတို့အခြေအနေနဲ့ ဒီလောက်တော့ဖစ်လိမ့်မယ်လို့တွေးပီးသားမို့ လက်ခံပေးခဲ့တယ် bright ကတော့ ဒီdoctor လေးကိုအပိုင်ရတော့မှာမို့ ဂုဏ်ယူမဆုံးတပြုံးပြုံးပေါ့

Win - ဟူး......

win ထိုင်နေရင်း လက်နှစ်ဖက်ကိုပွတ်ကာ သက်ပြင်းငွေ့ငွေ့ချမိတယ်
win စိတ်လှုပ်ရှားနေမှန်းသိတာကြောင့် win ရဲ့လက်လေး၂ဖက်ကို ဆုပ်ကိုင်ကာ သူ့ပေါင်ပေါ်တင်လိုက်ရင်း

Soulmate (complete)Where stories live. Discover now