အပိုင်း [၁]
1.1K 149 9
- UNICODE -
[အပိုင်း ၁]
လျှို့ဟောင်တစ်ယောက် စိတ်ရှုပ်ထွေးနောက်ကျိစွာ နိုးလာခဲ့ပြီး သူ၏ဘေးပတ်ပတ်လည်တွင် အမှောင်ထုက ၀န်းရံထားလေသည်။
သူ့အတွက် အမှောင်ထုကြီးက အဆင်ပြေသေးပေမယ့် ဒီစေးကပ်ကပ်ခံစားချက်ကြီးက အရမ်းကိုအနှောင့်အယှက်ဖြစ်စေသည်! လျှို့ဟောင် မသတီခံစားရကာ အန်ပင်အန်ချင်လာပြီဖြစ်သည်။ ပါးစပ်ကိုကာဖို့ သူ၏လက်များကို လှမ်းလိုက်သည်။
ဟမ်? သူ့လက်‌တွေ...
လျှို့ဟောင်ဟာ အံ့ဩလွန်း၍ စကားတစ်ခွန်းပင် မဆိုနိုင်တော့ချေ။
ကံမကောင်းစွာဖြင့်ပင် သူ၏အားမာန်တက်ကြွမှုများ ကုန်ဆုံးသွားချိန်တွင် သူဟာ နိုးရုံလေးမျှသာ နိုးသေးသည်။ ပင်ပန်းနွမ်းနယ်မှုဟာ သူ့ကိုအနိုင်ယူသွားပြီး နောက်တစ်ကြိမ် ပြန်လည်အိပ်ပျော်သွားလေတော့သည်။
သူစက်ဘီးအတိုက်ခံရသည်ဟု လျှို့ဟောင် အိပ်မက်မက်သည်။ ဆေးရုံတစ်ခုတွင်ဖြစ်ပြီး အသေးအဖွဲကျိုးပဲ့မှုသာ ရရှိခဲ့ခြင်းဖြစ်သည်ကို အလွန်အံ့အားသင့်ဖွယ် သူသိလိုက်ရသည်။ သို့တိုင် ဆရာ၀န်၏ ညွှန်ကြားချက်များအောက်တွင် နေရမည်ဟု သူဟာ သတ်မှတ်ခံရသည်။ အလုပ်လုပ်ရန် အလယ်တန်းကျောင်းမှထွက်ခဲ့ရသော မိဘမဲ့တစ်ဦးဖြစ်သည့် သူ့ကိုယ်သူ သနားမိသည်။ ဆေးရုံတွင်လည်း အတူတူပင်ဖြစ်သည်။ သူ့အား ပြုစုစောင့်ရှောက်ပေးမည့်သူ မရှိချေ။ သူနှင့် ခင်မင်ရင်းနှီးခဲ့သော တစ်ဦးတည်းသောသူသည် သူနှင့်အခန်းအတူငှားနေသော သူ၏အခန်းဖော်သာ ဖြစ်လေသည်။ စစ်စစ်မူ အရသာရှိသောဆန်ပြုတ်လေး လက်ခံရရှိခဲ့လေသည်။ လျှို့ဟောင်ဟာ ပျော်ရွှင်စွာဖြင့် မျက်လုံးကိုမှိတ်၊ ပါးစပ်ကို ကျယ်ကျယ်ဟပြီး အရှေ့ကို တိုးသွား....
အရမ်းနာတယ်!
နာကျင်မှုကြောင့် သူ၏မျက်လုံးများမှ မျက်ရည်ထွက်လာလုမည်ဟုပင် လျှို့ဟောင် ခံစားလိုက်ရသည်။ သူ့အ‌ခန်းဖော်ကို အပြစ်တင်ရန်အလို့ငှာ မျက်လုံးများ ဖွင့်လိုက်သည်။ တစ်စုံတစ်ယောက်ကို ဆန်ပြုတ်ခွံ့ကျွေးရသည်မှာ အဘယ်မျှလောက် ခက်ခဲနေနိုင်သလဲ?! သူ မျက်လုံးဖွင့်ပြီးနောက်တွင် ကြက်သေသေသွားရတော့သည်။ အမှောင်ထုကြီး? သူနိုးလာခဲ့သည့် နောက်ဆုံးအချိန်က မှတ်ဉာဏ်များ သူ့ဆီပြန်လည်ရောက်ရှိလာသည်။ ဟုတ်သား။ သူ အိပ်ပျော်သွားသည့်အချိန်၌ သူဟာ အမှောင်ထဲတွင် နစ်မြုပ်ခံထားရသည်ပင်။