အပိုင်း [၁၀]
1K 160 26
- UNICODE -
[အပိုင်း ၁၀]
မွန်းတည့်ချိန် နီးသည်ထက် နီးလာသည့်အခါ နေပူရှိန်သည် ပြင်းသည်ထက် ပြင်းလာ‌ခဲ့သည်။ ဟွားရှောင်ဟွား သူ့ကို ဂူအပြင်ပစ်ထုတ်ခဲ့သော ‌ထိုနေ့မှ ခါးသက်သက်အတွေ့အကြုံကို ရင်ရှောင်ရှောင် ပြန်အမှတ်ရမိပြီး ခေါင်းဖျားမှ မြီးဆုံးအထိ ချစ်ချစ်တောက်ပူလောင်သည့် အမှန်တကယ်မရှိသောအာရုံကို ချက်ချင်း ခံစားလိုက်ရသည်။
ယင်းတွင်ချက်ချင်း ‌မေးမြန်းဖို့ရန် ရင်ရှောင်ရှောင် ပါးစပ်ဖွင့်လေသည်။
“အနီးအနားမှာ ချောင်းတို့ စမ်းတို့ ဒါမှမဟုတ် အဲလိုမျိုး‌တွေ ရှိလားဗျ”
ရင်ရှောင်ရှောင် ‌ယဉ်ယဉ်ကျေးကျေးမေးပြုသော်လည်း သူတို့သည် ရှောင်ရှောင် ဘာကြောင့်များ ချောင်း(သို့မဟုတ်)စမ်းကို ရှာချင်မှန်း မသိကြသေး၍ သဘာဝအလျောက်ပင် ရှောင်ရှောင်ကို လှည့်ကြည့်ကြလေသည်။ သို့ဖြစ်၍ ဟွားရှောင်ဝူ၊ ဟွားရှောင်အာ့နှင့် ဟွားရှောင်စန်းတို့သည် အနှီမေးခွန်းကို ဤတွင်အကြီးဆုံးဖြစ်သော လန်နှင့်ဟုမ်မြွေများဆီသို့ ပို့လိုက်ကြတော့သည်။
အဆုံး၌ လန်ရီးရီးသည် သူတို့၏အိမ်နှင့်မဝေးသောနေရာတွင် ချောင်းတစ်ချောင်းရှိကြောင်း ပြန်သတိရ၍ ရင်ရှောင်ရှောင်ဆီ စိတ်လှုပ်ရှားစွာ ‌တွားလာခဲ့သည်။
“ရှောင်ရှောင် ချောင်းဘယ်မှာရှိလဲ ငါသိတယ်။ အဲချောင်းက ဒီနဲ့မဝေးဘူးကွ”
ရင်ရှောင်ရှောင် ရွှင်ပျော်သွား‌၏။
“မင်းတကယ်သိတယ်လား။ မြန်မြန် ငါ့ကို အဲဆီ ခေါ်သွားပေးပါ! မြန်မြန် ငါ့ကို အဲဆီ ခေါ်သွားပေးပါ!”
သို့နှင့် ရလဒ်အနေဖြင့် လန်ရီးရီးသည် သွားရာလမ်းကို ဦးဆောင်လမ်းပြတော့သည်။ ရင်ရှောင်ရှောင်မှာ လမ်းပြမှု၏နောက်တွင်လိုက်နေသော အခြားသောမြွေတို့၏‌အနောက်တွင် နီးနီးကပ်ကပ်လိုက်ကာ တစ်ချိန်လုံးစူးစမ်းကာနေပေသည်။
ရှောင်ရှောင်က ဘာလို့များ ချောင်းကိုသွားချင်တာပါလိမ့်။ အဲမှာ စိတ်ဝင်စားစရာတစ်ခုခု ရှိနေလို့များလား။ အိုး ဟုတ်တာပေါ့။ ငါ့နှယ် ငါလေးက တကယ်အရူးပဲဖြစ်ရမယ်။ သေချာပေါက် ရှောင်ရှောင် ရေဆာနေလို့ဖြစ်မှာပေါ့။
You've reached the end of published parts.
⏰ Last updated: Jan 25, 2022 ⏰
Add this story to your Library to get notified about new parts!