အပိုင်း [‌၄]
663 131 11
- UNICODE -
[အပိုင်း ၄]
အဆုံး၌ ရင်တာ့ပိုင်သည် ရင်ရှောင်ရှောင်ကို သူ၏သွားများဖြင့် ကျင်းပေါက်ထဲမှ ဆွဲထုတ်ရပြန်‌သည်။ ရင်ရှောင်ရှောင်၏ မစဲသောထွန့်ထွန့်လူး‌နေမှုကို လျစ်လျူပြုထားစွာဖြင့် ရင်တာ့ပိုင် သူလာရာဘက်သို့ ပြန်လျှောတိုက်သွား၏။
ရင်တာ့ပိုင်လာနေသည်မှာ ပိုမိုနီးကပ်လာခြင်းကို ဟွားရှောင်ဟွား အနံ့ရသည်နှင့် ချက်ချင်းရပ်လိုက်ကာ မည်သည်မျှမဖြစ်ခဲ့သယောင် ဟန်ဆောင်နေလိုက်သည်။
“ရှောင်ရှောင် ရှောင်ရှောင် မင်းဘာလုပ်နေတာလဲ”
ဟွားရှောင်ဝူ ရင်တာ့ပိုင်ထံသို့ တွားလာကာ ရင်တာ့ပိုင်၏ပါးစပ်ထဲ၌ တွဲလောင်းလေးဖြစ်နေပြီးတွန့်လိမ်နေသည့် ရင်တာ့ပိုင်ကို မော့ကြည့်လေသည်။
ရင်ရှောင်ရှောင် လူးလွန့်နေသည်ကိုရပ်၍ ပတ်ပတ်လည်အား ကြည့်လိုက်၏။ ထို့နောက် စိတ်ထဲ၌ သက်ပြင်းချမိသည်။ အလွန်ဝေး၊အလွန်နက်သည့် လိုဏ်ဂူအတွင်းသို့ ပြေးပြီးသည့်နောက်တွင် မြွေပါးစပ်ထဲ၌ အဆုံးသတ်ရသည်မို့ သူ့ကိုယ်သူလည်း အံ့ဩမိသည်။
အသိရှိစမ်းပါဦး။ မင်းကိုယ်လုံးသေးသေးလေးနဲ့  ဘယ်တွေများသွားနိုင်မတဲ့လဲ။
အားလုံး၏နောက်ကျောဘက်တွင် ရင်ရှောင်စီ မျက်လုံးလှန်မိတော့သည်။
မိုက်လှတဲ့ ရှောင်ရှောင်။ မင်းမျက်နှာပေါ်မှာ အရာအားလုံးက ထင်းထင်းကြီးပေါ်နေပြီ။ အဲအပြင် မင်း၀င်သွားခဲ့တဲ့ဂူက မင်းရဲ့ကိုယ်ပိုင်အိမ်ကွ။ အဲဒါကြောင့်လည်း အဖေက မင်းကိုလွှတ်ပေးလိုက်တာ။ မင်းကို ဖမ်းမမိဖို့ မဖြစ်နိုင်လို့လေ။
ထိုကဲ့သို့သော ဉာဏ်ရည်ဉာဏ်စွမ်းရှိသောသူသည် ဤအရူးမိသားစုတွင် မွေးဖွားလာခြင်းမှာ ရယ်သွမ်းဖွယ်လော၊ ၀မ်းနည်းဖွယ်လော။ ပြီး ၎င်းသည် အဆုံး၌ ရူးနှမ်းနှမ်းမြွေတို့၏ ကံဆိုးခြင်းဖြစ်မည်လော၊ ထက်ထက်မြက်မြက်မြွေတို့၏ ကံဆိုးခြင်းဖြစ်မည်လော။
“ရှောင်ရှောင် မင်းက တကယ်တော်တာပဲ”
“ငါတို့အိမ်ကို မင်းဘာသာရှာနိုင်တာ အံ့ဖွယ်ပဲ”