အပိုင်း [၇]
647 138 12
- UNICODE -
[အပိုင်း ၇]
နောက်တစ်နေ့မနက်မိုးသောက်ချိန်ထိ ဟွားရှောင်ဝူမလှုပ်ချင်သေးပေ၊ သို့သော်ငြား သဘာဝအလျောက် ထိုမလှုပ်ချင်မယှက်ချင်ဖြစ်နေသည်ကိုပြုပြင်ပေးနိုင်မည့် မြွေသည်လည်းမရှိချေ။ ဟွားရှောင်ဝူ နစ်နာသည်ဟုခံစားရကာ ‌ရင်ရှောင်ရှောင်ကိုငေးစိုက်ကြည့်သော် ရင်ရှောင်ရှောင်တောင့်တင်းသွားကာ ချက်ချင်းပင် ပုန်းဖို့ရန်ပြေးသွားလေသည်။ ကံကောင်းထောက်မစွာပင် သူ၏ယခုခန္ဓာကိုယ်သည် သေးလည်းသေး ကွေးလွယ်‌ပျောင်းလွယ်လည်းဖြစ်နေ၍ ပုန်းရလျှိုရခြင်းမှာ မခဲယဉ်းချေ။ ရင်ရှောင်ရှောင် သက်မချမိ‌သည်။
“တာ့ပိုင်! မြန်မြန်ထပြီး ငှက်ဥတွေသွားရှာချည်‌တော့”
ရင်တာ့ပိုင်ခမျာ ‌အပြင်သို့သွားရန် ဟွားရှောင်ဟွား၏လောဆော်ခြင်းကိုခံရပြီး မည်သည့်ကျစ်တွန့်တက်ခြင်းမျှမရှိစွာ ငှက်ဥများရှာရန်ထွက်သွားပေသည်။
အချိန်အနည်းငယ်လွန်သွားသည်။ နေမြင့်လာသည်နှင့်အမျှ နေပူရှိန်လည်းပြင်းလာလေပြီ။ ရင်ရှောင်ရီး၊ ဟွားရှောင်အာ့၊ ဟွားရှောင်စန်းနှင့် ရင်ရှောင်စီတို့ကား နေရောင်အောက်တွင် နေပူဆာလှုံရန် လေကောင်းလေသန့်ရရှိရေးအတွက် ဂူထဲမှထွက်သွားကြသည်။ ဟွားရှောင်ဟွားကမူ ဟွားရှောင်ဝူကို ဂူအပြင်သို့ ပါးစပ်ဖြင့်သယ်ကာ ပစ်ထုတ်ပြီးနောက် ရင်ရှောင်ရှောင်ကို သယ်ထုတ်ရန် နောက်ပြန်လှည့်လာသည်။
“ရင်ရှောင်ရှောင် အပြင်ထွက်ပြီး နေပူဆာသွားလှုံစမ်း”
ရင်ရှောင်ရှောင် ဂူပေါက်ဝဆီသို့ သူ့ခေါင်းလေးကိုဆန့်‌ထုတ်သော် မြင်လိုက်ရသည် - မြတ်စွာဘုရား! - တွေ့မြင်လိုက်ရသည်မှာ အပြင်ဘက်ရှိနေလုံးကြီး ပူတောက်နေသည်ကိုပင်။ သူဟာ အဲဒီအောက်မှာနေပူဆာလှုံရမယ်တဲ့လား။ ရင်ရှောင်ရှောင် ပြတ်ပြတ်သားသား နောက်ပြန်ဆုတ်၏။
“ကျွန်တော်မသွားဘူး”
ဟွားရှောင်ဟွားသည် ချက်ချင်းလက်ငင်းပင် ပြောင်ပြောင်ဘွင်းဘွင်းဖြင့် ရင်ရှောင်ရှောင်ကို ပါးစပ်နှင့်လှမ်းဖမ်းယူကာ ရင်ရှောင်ရှောင်၏ရုန်းကန်တွန်းထိုးနေမှုများကို လျစ်လျူပြုပြီး လိုဏ်ဂူထဲမှသယ်ထုတ်၍ ဟွားရှောင်ဝူ၏နံဘေးသို့ကျရန် ပစ်ချပေးလိုက်သည်။