အပိုင်း [၃]
644 130 8
- UNICODE -
[အပိုင်း ၃]
ရင်ရှောင်ရှောင် နွမ်းလျပင်ပန်းနေပြီ။ အမှန်တကယ်ကို နွမ်းလျနေပြီ။ အင်မတိအင်မတန်ကို ပင်ပန်းနေချေပြီ။
နွမ်းလျညှိုးသောအခါ ခန္ဓာကိုယ်ဟာ အလိုအလျောက် အိပ်စက်ချင်၏။ ရင်ရှောင်ရှောင် အမှန်တကယ်ကိုအိပ်ချင်လာမိသည်။
သို့ပေသိ...
မြွေတို့တွင် မျက်ခွံမရှိခြင်းကို သိရှိလိုက်ရသော ရင်ရှောင်ရှောင်လေး ၀မ်းနည်းပက်လက်ဖြစ်သွားလေသည်။ မြွေတို့တွင် မျက်ခွံမရှိခြင်းသည် အဘယ်ကြောင့် ‌အရေးကြီးတခွင်ဖြစ်ရသနည်း။ သူတို့၏မျက်လုံးများကို မပိတ်နိုင် ဟု ဆိုလိုခြင်းကြောင့်ပင် ဖြစ်သည်။ [ T/N : ဖတ်နေတဲ့သူထဲမှာ စာသင်ရင် မျက်လုံးကြီးဖွင့်ပြီး အိပ်တတ်တဲ့သူတွေရှိလား ဝေ့? ရှိရင် ယူတို့က ရှောင်ရှောင်လေးအမျိုးတွေများလား >.< ]
ရင်ရှောင်ရှောင်တွင် မြွေတစ်ကောင်၏ အသိရှိမည်ဆိုလျှင် သူ့၌ ‌မျက်ခွံရှိခြင်း မရှိခြင်းသည် အရေးမကြီးတော့ပါချေ။ သူ့၌ မျက်ခွံရှိခဲ့လျှင် သူဟာ အလွယ်တကူ အိပ်ပျော်နိုင်ပေမည်။ မရှိခဲ့လျှင်လည်း သူဟာ အလွယ်တကူပင် အိပ်ပျော်နိုင်မည်။
တစ်ခုသာ ကံအကြောင်းမလှစွာဖြင့် အတိတ်ဘ၀၀ယ် ရင်ရှောင်ရှောင်ဟာ လူသားတစ်ဦးဖြစ်ခဲ့ပြီး လူသားများတွင် မျက်ခွံရှိ‌ကြသည်။ တစုံတစ်ယောက်က မေးကောင်းမေးလာနိုင်သည်။ နှစ်နှစ်ဆယ်ကြာ မျက်လုံးမှိတ်ကာ အိပ်စက်လာသော လူသားတစ်ဦးသည် ရုတ်တရက်ဆန်စွာ မျက်လုံးများပိတ်၍ အိပ်စက်နိုင်မည်လော။
တိုတိုတုတ်တုတ်ဆိုရလျှင် ဤအမှန်တရားသည် အကြင်နာမဲ့ရက်စက်လွန်းသည် ဟု ရင်ရှောင်ရှောင် ခံစားရ၏။ ရင်ရှောင်ရှောင် လိုဏ်ဂူအလယ်တွင် ရှိနေသည်။ နေ့အချိန်ဖြစ်သော်ငြား လိုဏ်ဂူက မလွဲမုချမှောင်နေသင့်ပြီ ဟုဆိုလျှင် အကျိုးကြောင်းသင့်ပေလိမ့်မည်။ ထို့အပြင်ပို၍မှောင်နေသင့်သော ဂူ၏အတွင်းဆုံးကျသောအပိုင်းတွင် ရင်ရှောင်ရှောင် ပုန်းခိုနေခြင်းဖြစ်သည်။ ရင်ရှောင်ရှောင် တစ်ခုကို ရှာဖွေတွေ့ရှိလိုက်ရလေသည်။ ထိုသည် ဤဂူဟာ တကယ်ပင် လင်းလွန်းသည်။ သူရှိနေသောနေရာမှ ဆယ်မီတာအဝေးရှိ လေထုထဲတွင် ခြင်များ တဖျပ်ဖျပ်ကူးလူးပျံသန်းနေသည်ကိုပင် ရှင်းလင်းပြတ်သားစွာ မြင်ရပေသည်။ ရင်ရှောင်ရှောင်၏ မျက်လုံးများသည် ဆိုစမှတ်ပြုရအောင် အလွန်ကောင်းမွန်သော်ငြား ဤထူးခြားသောစွမ်းဆောင်နိုင်မှုသည် အမှန်ပင် ဤဂူ၏ လင်းလွန်းနေမှူကြောင့်သာ ဖြစ်နိုင်သည်။