အပိုင်း [၈]
660 138 11
- UNICODE -
အပိုင်း [၈]
“ချစ်စရာလေး၊ အရမ်းချစ်ဖို့ကောင်းတယ်၊ တကယ် အရမ်းချစ်ဖို့ကောင်းနေတာ”
ဟွားရှောင်ဝူ အပြုသဘောဆောင်စွာ ဝေဖန်လေသည်။ ရှောင်ရှောင်၏တစ်ကိုယ်လုံးသည် ပန်းရောင်ပြောင်းရချေပြီ။ ချစ်စရာကောင်းတာလွန်ကဲနေပြီ! ဘယ်လိုများသူလေးကချစ်ဖို့ကောင်းလွန်းနေရတာလဲ!
ကျန်မြွေများနှုတ်ဆိတ်နေကြသော်ငြား သူတို့၏နှလုံးစိုင်ထဲတွင် အတွေးများအားလုံးသည်အတူတူပင်ဖြစ်ကုန်ကြ၏။‘ရှောင်ရှောင်လေး‌ရှက်နေပြီ’ သို့မဟုတ် ‘ရှက်တက်တက်ဖြစ်နေပြီ’ သို့မဟုတ် ‘ရှက်ကိုးရှက်ကန်းဖြစ်နေပြီ’ နှင့် ‘ဒီပန်းရောင်ခန္ဓာကိုယ်သေးသေးလေးက တကယ်ကို အရမ်းချစ်စရာကောင်းတာပဲ။ လုပ်စမ်းပါ၊ ဒါကငြင်းနိုင်ဖွယ်ရာမရှိပဲ!’
ဟွားရှောင်ဟွား သွားရည်ကျလာလေသည်။ သူတို့မိသားစု၏သားလေးသည် အမှန်တကယ်ကို အလွန်ချစ်ချင်စဖွယ်ကောင်းကြောင်း ဟွားရှောင်ဟွားချက်ချင်းသိလိုက်ပြီး ရှောင်ရှောင်ကိုပွေ့ဖက်ရန် တဟုန်ထိုးသွားတော့သည်။
ရင်ရှောင်ရှောင်ကမူ ရှင်းရှင်းလင်းလင်း ရှင်းပြဖို့ရန်တတ်စွမ်းသမျှ‌ကြိုးစားနေ၏။
“အမ်း... ငိုတယ်ဆိုတာ မျက်လုံးကထုတ်ပေးတဲ့အရည်ဖြစ်တဲ့မျက်ရည်တွေ မိုးလိုကျလာတဲ့အခါကိုပြောတာပါ။ သူတို့ကတော့ ငန်တယ်”
မခြောက်သေးသောမျက်ရည်တချို့ကိုလျက်ရန် ဟွားရှောင်ဝူ‌ရောက်လာသည်။
“ဟမ် တကယ်ငန်တယ်ဟ”
“မျက်ရည်က ဘာရည်ရွယ်ချက်နဲ့ အလုပ်လုပ်တာလဲ”
ရင်ရှောင်စီမှာ လေးနက်သည့်ဟန်ဖြစ်နေသည်။ မျက်ရည်ဟာငန်သလား မငန်သလားကိုသာ ဂရုစိုက်သောဟွားရှောင်ဝူနှင့်ယှဉ်လျှင် ရင်ရှောင်စီသည် မျက်ရည်တို့၏လုပ်ဆောင်ချက်ကို ပိုဂရုစိုက်ပေသည်။
“ဘာကြောင့်လဲဆိုတော့...”
ရင်ရှောင်ရှောင် ဘေးတစ်ဖက်သို့ခေါင်းလေးစောင်းကာ တွေးလျက်ရှိသည်။