အပိုင်း [၆]
618 128 8
- UNICODE -
“ကလေးတွေ လာစားကြမယ်ဟေ့!”
ရင်တာ့ပိုင် ပါးစပ်ထဲတွင်အစာကို တရွတ်ဆွဲလျက် အားလုံးကိုခေါ်လိုက်သည်။
ဟွားရှောင်အာ့၊ ဟွားရှောင်စန်းနှင့် ဟွားရှောင်ဝူတို့ ရင်တာ့ပိုင်အနားစုအုံလာပြီး ရင်ရှောင်ရီးနှင့် ရင်ရှောင်စီတို့ကား အနောက်မှလိုက်ပါလာကြ၏။ ရင်ရှောင်ရှောင်ကမူ တုံ့ဆိုင်းနေပေသည်၊ ပြီးနောက်မှ သူလေး၏ခန္ဓာကိုယ်ကို ဆန့်ချည်ဖြန့်ချည်ဖြင့် တွားကာသွား၍ ရင်တာ့ပိုင်အစာဟုဆိုသောအရာကိုကြည့်ရန် မြွေငယ်ကလေးငါးကောင်အနောက်မှလိုက်သွား‌တော့သည်။
ရင်‌ရှောင်ရှောင်၏မျက်နှာ ဖြူဖျော့သွားကာ ချက်ချင်းအနောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်မိသည်။ တံတွေးမျိုချပြီး သူဟာ လှည့်၍ အဝေးသို့တွားပြေးတော့သည်။
ဂူ၏နက်နဲရာနေရာသို့ သူပျောက်ကွယ်တိုးလျှိုးတော့မည့်အခိုက်ဝယ် ရင်ရှောင်ရှောင်မှာ အားနှင့်အနောက်သို့ပြန်ဆွဲခံရကာ ဟွားရှောင်ဟွား၏အမြီးဖြင့် လိပ်ခံထားရ၏။
“ရင်ရှောင်ရှောင် မြန်မြန်သွားစား။ မင်းနဲ့မင်းအစ်ကိုတွေ နောက်ဆုံးစားခဲ့တဲ့အချိန်က မင်းပေါက်လာတုန်းကလေ။ အခု မင်းများများစားဖို့လိုနေပြီ”
ချစ်ရပါတဲ့ကောင်းကင်ဘုံမှဘုရားရေ! သခင်လေးရဲ့အခုခန္ဓာကိုယ်က မြွေတစ်ကောင်ရဲ့ခန္ဓာကိုယ်ဖြစ်‌နေပေမဲ့ စိတ်ဝိဉာဉ်ကတော့ လူတစ်ဦးရဲ့စိတ်‌ဝိဉာဉ်ဖြစ်နေပါသေးတယ်! သခင်လေး၊ ငါက တောဝက်အစိမ်း၊ နွားအစိမ်း ဒါမှမဟုတ် သိုးအစိမ်းတွေ စားရမယ်ဆိုရင်တောင် ကိစ္စမရှိပါဘူး။ ဒါပေမဲ့ ကြွက်အစိမ်းကို စားစေချင်တယ် ဟုတ်စ။ ငါလေးကို သတ်ဖို့ကြိုးစားနေခြင်းများလား။ သခင်လေး၊ ငါက ကြွက်အစိမ်းကို လုံးဝလုံးဝမစားဘူးကွ။
[ T/N : ချစ်ရပါတဲ့ကောင်းကင်ဘုံမှဘုရားရေ! = အာမေဍိတ်သံဖြစ်သည်။ ဘုရားရေ! နှင့်ဆင်တူသည်။ ]
ဟုတ်ပါသည်၊ မင်းကြားလိုက်တာမှန်ပါသည်။ မြွေငယ်ကလေးငါးကောင် ပတ်ရံထားသောသည် အမှန်တကယ်ကို ‌ကြွက်အသေလေးများအစုအပုံတစ်ခုဖြစ်၏။ အိမ်မွေးတိရစ္ဆာန်အရောင်းဆိုင်မှဟမ်းစတားအဖြူကောင်လေးကဲ့သို့ ချစ်စဖွယ်ကောင်းသည့်အရာမဟုတ်၊ ထိုအစား လူတိုင်း ‘သတ်ပစ်စမ်း’ ဟုစူးစူးဝါးဝါးအော်ဟစ်ရတတ်သော ခိုးသားဓားပြကြွက်ရုပ်ဆိုးမျိုးများဖြစ်နေလေသည်။ သို့ဖြစ်၍ ရင်ရှောင်ရှောင်လေး၏စိတ်အခြေအနေကို အားလုံးနားလည်‌ပေးစေလိုပါသည်။ ကြွက်အစိမ်းကိုစားရမည်၊ ကျွတ်ကျွတ်။ ထိုသို့စားသုံးရမည့်အပေါ် ပျို့ချင်အန်ချင် အော့အန်ချင်လာခြင်းမှာ အလွန့်အလွန်ကိုပုံမှန်ဖြစ်ပြီး မထူးဆန်းလွန်းစွာပုံမှန်ဖြစ်၏။