အပိုင်း [၂]
750 148 5
- UNICODE -
အပိုင်း[၂]
အဟမ်း။ လျှို့ဟောင် အဘယ်ကြောင့်များ ‌မူးမေ့သွားသနည်း။ တစ်ချက်လောက် ပြန်သွားပြီး ကြည့်လိုက်ကြရအောင်။
လျှို့ဟောင် ‌မမွေးဖွားခင်ညနေခင်းတွင် မိသားစု၀င်‌ခုနှစ်ဦးတို့သည် လျှို့ဟောင်ဥအနားတွင် ဝိုင်းရံကာ ‌အရုဏ်ဦးမိုးသောက်ယံအချိန်ထိတိုင် စောင့်ကြည့်နေခဲ့ကြသည်။ ငါးကောင်သောမြွေငယ်ကလေးများ နိုးလာသောအခါ ရင်တာ့ပိုင်လည်း နိုးနေခဲ့ပြီဖြစ်သည်။ ဟွားရှောင်ဟွားသည်‌တော့ ဥကိုအာရုံစိုက်ဂရုထား၍ စောင့်ကြည့်ခြင်းကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ သို့သော်ငြား ဥသည် မလှုပ်မရှား ငြိမ်နေသေး၏။ ရင်တာ့ပိုင်၏ နှလုံးသား၌ ယင်းဥသည် သေ‌နေပြီ ဟု ပို၍ပို၍ ယုံကြည်လက်ခံလာသော်ငြား ထိုကဲ့သို့‌တော့ သူ မဆိုရဲ‌ပါချေ။
ပူပူနွေးနွေး မွေးကင်းစ‌ မြွေငယ်ကလေးများသည် လျင်လျင်မြန်မြန်ဖြင့် ဆာလောင်လာကြသည်။ ရင်တာ့ပိုင် ဟွားရှောင်ဟွားကို အကြောင်းကြားလိုက်ပြီးနောက် မြွေကလေးများအတွက် အစာရှာရန်အလို့ငှာ ချက်ချင်းပင် ထွက်သွားလေသည်။ မြွေကလေးများ သူတို့ဝေစုကို အ၀စားပြီးသည့်အချိန်၌ နေ့လည်ပင်ရှိနေခဲ့ပြီဖြစ်ပြီး ဥသည် အလျင်ကကဲ့သို့ပင် ‌ကျောက်တောင်ကြီးကဲ့သို့ မတုန်မလှုပ်၊ မရွေ့မလျားရှိလေသည်။ ဤအချိန်တွင် ဟွားရှောင်ဟွား ၀မ်းနည်းပူဆွေးမှု၏အစကို စတင်ခံစားလာရ၏။
ထို့ကြောင့် အက်ကွဲသံကိုကြားသောအခါ မြွေခုနှစ်ကောင်စလုံးသည် သူတို့၀န်းရံထားသော ဥအပေါ်၌ သူတို့၏အာရုံများကို စူးစိုက်ထားလိုက်တော့သည်။
ညီငယ်လေးက တကယ့်ကို ရဲရင့်ပြီး ခက်ထန်တယ်!
ဤသည် လျှို့ဟောင် တဟုန်ထိုးထွက်လာသောအခါ မြွေကလေးငါးကောင်စလုံး၏ တွေးမိသောအ‌တွေးဖြစ်လေသည်။ သူတို့တစ်တွေ ‌မြင်တွေ့လိုက်ရသည်မှာ ငွေမင်ရောင်မြွေငယ်ကလေး ၎င်း၏ဥထဲမှ ဖောက်ထွက်လာသည်။ ပတ်၀န်းကျင်ကို လေ့လာရန် ၎င်း၏လည်ပင်း လှည့်လိုက်သည်။ ထို့နောက်... မူးမေ့သွား‌သည်။