အပိုင်း [၅]
647 129 15
- UNICODE -
[အပိုင်း ၅]
အနှီအဓိကကျသော အနည်းငယ်သော  ရှင်းလင်းချက်ပြီးနောက် ရင်ရှောင်ရှောင်လေးခမျာ ‌မူးဝေအီနောက်ကျန်ခဲ့ရချေပြီ။ သို့ပေသိ ယခုတွင် သူဟာ ဤနေရာ၏နောက်ကြောင်းရာဇဝင်ကို အကြမ်းဖျင်းနားလည်သွားပြီဖြစ်သည်။
ရင်ရှောင်ရှောင်လေး ပင်ပန်းနေသည်ကိုမြင်သော်  ရင်တာ့ပိုင်သည် ဟွားရှောင်ဟွား၏ရှင်းပြနေမှုကို တန့်စေလိုက်သည်။
“ကျန်တာမနက်ဖြန်မှရှင်းပြလို့ရတယ်။ ရှောင်ရှောင်ပင်ပန်းနေပြီ”
ဟွားရှောင်ဟွား၏ပါးစပ်ပိတ်ကျသွားသည်။
“သွားအိပ်တော့။ သွားအိပ်ကြတော့။ မနက်ဖြန်မင်းမနိုးမချင်း ဆွေးနွေးဖို့ကျန်နေတာကို ငါတို့ခဏရပ်ထားလို့ရတယ်”
ဟွားရှောင်ဟွား စကားဆိုပြီးနောက် လှည့်ထွက်သွားသည်။ ရင်တာ့ပိုင်ကား ချက်ချင်းကိုလိုက်သွားသည်။ ရင်ရှောင်ရှောင်ကမူ စပ်စုချင်နေမိသည်။ ဧကန္တ ဤနေရာတွင် မြွေငယ်ကလေးများနှင့် သူတို့၏မိဘများ အတူတူမအိပ်ကြသည်များလား? သို့ပေသိ အခြားမြွေငယ်ကလေးငါးကောင်၏မျက်နှာများပေါ်ရှိ စိတ်ဝင်တစားမရှိသောအမူအရာကိုကြည့်၍ ရင်ရှောင်ရှောင်တိတ်တိတ်ကလေးနေလိုက်တော့သည်။
“ရှောင်ရှောင်ရေ ဒီညတူတူအိပ်ကြရအောင်”
ဟွားရှောင်ဝူ အနားကပ်လာကာ သူ့ကိုပွတ်သပ်လာသည်။ ထို့နောက် မြွေတို့၏အနမ်းလေးဖြင့် သူ့ကိုလာလျက်သည်။ ရင်ရှောင်ရှောင် ရှောင်လိုက်ပြီး တောင့်တောင့်တင်းတင်းကြီးဆို၏။
“ကျွန်တော့်ဘာသာပဲအိပ်ပါ့မယ်။ ကျွန်တော့်ကိုစိတ်ထဲမထားပါနဲ့”
မြတ်စွာဘုရား! ဘယ်သူကများ မနက်ခင်းမှာ မြွေတစ်ကောင်ကို ဦးဆုံးတွေ့ရဖို့တစ်ခုတည်းအတွက် နိုးထချင်မတုန်း ?!
ရင်ရှောင်ရှောင် အော်လိုက်သည်၊ စိတ်တွင်း၌။
ရုတ်ခြည်းပင် ဟွားရှောင်ဝူညှိုးကျသွားကာ တတွတ်တွတ်ရေရွတ်နေတော့၏။
“ရှောင်ရှောင်က ငါ့ကိုသဘောမကျဘူး။ ရှောင်ရှောင်က ငါ့ကိုသဘောမကျဘူး...”