အပိုင်း ( ၁၁ )

13.1K 1.7K 59
                                    

"နောက်ခါ ကျွန်တော့်ကို ဒါတွေ ထပ်မဝယ်ခိုင်းနဲ့"

လက်သည်းနီ ဆိုးနေသော မမ နန်းမိုရ်က သူ့အား မော်ကြည့်လာသည်။ အရင်ကလည်း ဝယ်ပေးနေကျကို ခုမှ ဘာဖြစ်တာလဲဆိုသည့် သဘော။

"ထိုင်ပါဦး"

မမက သူ့စိတ်ကို နားအလည်ဆုံးသူမို့ တစ်ခုခု ဖြစ်လာမှန်း ရိပ်မိပုံ ရပါသည်။
အစိမ်းရောင် လက်သည်းဆိုးဆေးဗူးကို ပြန်ပိတ်ပြီး ဆေးခြောက်အောင် လေတဟူးဟူး မှုတ်နေလေ၏။

နေမကောင်းသော်လည်း အလှပြင်နိုင်သေးတာကို စိတ်ချမ်းသာရမည်။

"မမ သုံးနေကျ Night Cream က ကုန်နေတယ်တဲ့...အဲ့ဒါ တခြား အဆင်ပြေမဲ့ဟာ ရွေးလာပေးတယ်"

ဝယ်ပေးလေ့ရှိပေမဲ့ နားလည်လွန်းလို့တော့ မဟုတ်ပါ။ ဒီနေ့တောင် ဟန်နီ ပါ၍ သိပ် မခက်ခဲခြင်း။ တစ်ယောက်တည်းဆို ကြောင် တောင်တောင် နိုင်လှသည်။Skincare ဖို့ပင်
အမျိုးအမည် များလွန်းသည့် အလှကုန်တွေထဲ သူသိတာ အနည်းငယ်ပဲ ရှိ၏။

"တော်တယ် ငါ့မောင်လေး"

ဂုတ်ဝဲဆံပင်ကို နားထင်နောက်သို့ တစ်ချက် သပ်တင်လိုက်ရင်း မမက ပြုံးသည်။ မောင်နှမ နှစ်ယောက်ပဲ ရှိတာမို့ သူ မမကို  ချစ်၏။ သူက အေးဆေးနေတတ်သလောက်
မမကတော့ သွက်လက်ပြီး ရဲရင့်သည်။ ဒီလို မမ အလှလေးကို တခြားသူ လက်ထဲ ထည့်ပေးရမည်ကို တွေးမိတော့ စိတ်ထဲမကောင်း။

"လက်ထပ်ပြီးရင် ဒါတွေ ယောက်ဖကို ဝယ်ခိုင်းတော့မှာပေါ့"

"အေး"

လက်မထပ်ပါနဲ့လားလို့ ပြောချင်ပေမဲ့ မမရဲ့ချစ်သူက မမကို အတော်လေး ချစ်တာမို့။
အအေးမိတာလေးတောင် စိတ်ပူလို့ မန္တလေးကနေ လာမယ် တကဲကဲ။ တက္ကသိုလ် တက်ကတည်းက တွဲလာကြတာ နှစ်ဖက် မိဘတွေအသိ။ မမတို့ မင်္ဂလာကိစ္စကြောင့် သူ ဒီနှစ် အိမ် ပြန်လာတာ ဖြစ်သည်။

"ငါ့မောင်လေးလည်း ချစ်သူ ထားတော့လေ...နိုင်ငံခြားသူတော့ မတွဲနဲ့...အမေ့အကြောင်း သိတယ် မလား"

သူ ပြုံးရုံသာ ပြုံးဖြစ်သည်။ မမပြောသလိုပဲ
အမေက သားသမီးတွေရဲ့အနာဂါတ်အရေးအား အလေးအနက် တွေးသူ ဖြစ်သည်။
မမ တို့ စုံတွဲကိုပင် လွယ်လွယ် သဘောတူခဲ့တာ မဟုတ်ပေ။ ကိုကောင်းမြတ်ကို စိတ်ဓါတ်က စလို့ မိသားစုနောက်ခံ အသိုင်းအဝိုင်းတွေထိ လေ့လာပြီးမှ လက်ခံခဲ့ခြင်း။

ချစ်သော "နောင်"Where stories live. Discover now