"ခုတလော လမ်းတွေအရမ်းများနေတာပဲ သားငယ်"
ရှိုင်းကာရန် အိမ်ပြန်ရောက်သည်နှင့် ကြားရသည့်စကား။ တန်ဆောင်တိုင်မို့ အဖေက အလုပ်ကနေ ခဏ နားထားကာ အိမ်တွင်
အမြဲလို ရှိနေသည်။ ထို့ကြောင့် သူ့ခြေလှမ်းတွေကို ရိပ်မိမှာ အသေအချာပင်။ ငယ်စဥ္
ကတည်းက သူ ဘယ်သွားသွား ဘာလုပ်လုပ်
မိသားစုကို အသိပေးရလေ့ရှိသည်။ ကျောင်း
သွားကျောင်းပြန်တိုင်း အမေက အကြိုအပို့ လုပ်သဖြင့် သူများတွေလို ကျောင်းနားချိန်မှာ လည်ပါတ်ဖို့ဆိုတာ သူ့အတွက် မဖြစ်နိုင်။ ကျောင်းပိတ်ရက်တွေကလည်း စာကြည့်ချိန်တွေနှင့်သာ ပြည့်နှက်နေခဲ့တာဖြစ်သည်။"သူငယ်ချင်းဆီ သွားဖြစ်နေလို့ပါ အဖေ"
ဖတ်လက်စ စာစောင်ကို ထက်ဝက်ခေါက်ချိုး
လိုက်ရင်း အဖေက သူ့အား မျက်နှာချင်းဆိုင်တွင် လာထိုင်ရန် မေးငေါ့ပြတော့ ရှိုင်းကာရန် ထုံးစံအတိုင်း ရိုကျိုးစွာ နာခံရပါ၏။"ဟိုကို ပြန်မသွားခင် မင်းနဲ့ ကိုအုပ်စိုးရဲ့ သမီး ကို တစ်ခါတည်း စေ့စပ်ပေးလိုက်မယ်"
"ဗျာ"
"မဗျာနဲ့...ကျောင်းပြီးတာနဲ့ လက်ထပ်ဖို့ ခေါင်းထဲ ထည့်ထား"
"ဟန်နီ နဲ့ ကျွန်တော့်ရဲ့ သဘောထား..."
"တော်စမ်း!...မိသားစုနှစ်ခု ပေါင်းစည်းဖို့က
ပိုအရေးကြီးတယ်လို့ မင်းကို ဘယ်နှခါ ပြောရမလဲ"အဖေ့ရဲ့အသံက ပုံမှန်ထက် ကျယ်လောင်သွားတာကြောင့် အပေါ်ထပ်မှာ ရှိနေခဲ့သော
မမပင်လျှင် အောက်ထပ်သို့ အလျင်စလို
ဆင်းလာခဲ့၏။ Kitchen ထဲတွင် ချက်ပြုတ်
နေသော မေမေကတော့ ဧည့်ခန်းဆီ တစ်ချက်သာ လှမ်းကြည့်ပြီး လုပ်လက်စကို အာရုံပြန်စိုက်နေ၏။"ကျွန်တော့်မှာ ချစ်ရမဲ့သူ ရှိနေပြီ အဖေ"
"ဘာကွ!"
သူ့အနားသို့ ခပ်သွက်သွက် ရောက်လာခဲ့တဲ့ မမက အခြေအနေကို ကြိုမြင်ပုံရပြီး အဖေ့ရဲ့ ဒေါသစက်ကွင်းကနေ လွတ်အောင်
သူ့လက်မောင်းကို ဆွဲခေါ်ပေမဲ့"ရှိုင်းကာရန်!"
အမေကပါ ဧည့်ခန်းဆီ ရောက်လာပြီး သူ့ကို
မာန်ပါ၏။