အပိုင်း ( ၁၇ )

12.6K 1.5K 109
                                    


"ရောက်ပြီ ကလေးတွေ"

ပေါင်းလောင်းမြို့သစ် အဝင်ရောက်သည့်အခါ စိုင်းခန့်က အသံမြင့်ကာ သတိပေးလာ၏။

"ရေတံခွန် ရောက်ပြီလားဟင်"

ဂျူဂျူးက အိပ်ချင်မူးတူးဖြင့် ထ မေးတော့ နောင်နောင်တို့လည်း ဟိုကြည့် သည်ကြည့်။

သူသည်လည်း ကားခုံကို မှီနေရာမှ ခေါင်းထောင်လိုက်သည်။

"လှေ စီးရဦးမှာ"

သူတို့ နမ့်မွန် စားသောက်ဆိုင်တွင် နေ့လည်စာ စားကြပြီးနောက်

စိုင်းခန့်က အသိမိတ်ဆွေထံတွင် ကားအပ်ခဲ့ကာ ကြိုတင်ဆက်သွယ်ထားပုံရသော လှေပိုင်ရှင်ကို သွားနှုတ်ဆက်သည်။

"စောင့်ရတာ ကြာသွားလားဗျ"

"တခြား ခရီးသည် လက်မခံထားလို့ အေးဆေးပဲ အစိုင်း"

သဘောကောင်းလှသည့် လှေသမားက ကလေးတွေ လက်ထဲမှ ပစ္စည်းတချို့ကို
ကူသယ်ပေးလာသည်။

"ငါ ဆွဲမယ်လေ"

"ရတယ်"

စိုင်းခန့်က သူ့အိတ်ကို တခြား အထုပ်တွေနဲ့ ရောသယ်သွားသဖြင့် ရှိုင်းကာရန် လက်ထဲ ဗလာ။

"ဂျူဂျူး...အစ်ကို့ကိုပေး"

"အယ်...ကျေးဇူးပဲရှင့်"

ဂျူဂျူး ကိုင်ထားသည့် သစ်သီးခြင်းကိုတော့ သူ လက်လွှဲယူလိုက်သည်။

"ငါတို့ကို စောင့်ဦးလေ"

"လှေအရမ်း စီးချင်နေပြီ"

"လူစုံမှ ထွက်မှာပါနော်"

"နေရာဦးမယ် ဟားဟား"

ကူကူး နှင့် နောင်နောင်က သူတို့ကို ကျော်တက်သွားသော ဂျူဂျူးနောက်သို့ ပြေးလိုက်ကြသည်။ ရှိုင်းကာရန် တစ်ယောက်သာ ခြေလှမ်းမှန်မှန်ဖြင့် လျှောက်နေပေမဲ့ ရှေ့ရောက်နှင့်သော စိုင်းခန့်က ရောက်နေရာတွင် ရပ်ကာ နောက်လှည့်ကြည့်လာခဲ့သည်။

ကိုယ့်ကို စောင့်နေဟန်မို့ ရှိုင်းကာရန် ခပ် သွက်သွက် လျှောက်လိုက်မိသည်။
ထင်သည့်အတိုင်း စိုင်းခန့်က အနားရောက်လာသည့် သူ့အား ပြုံးပြပြီးမှ ရှေ့ဆက်တော့သည်။

ချစ်သော "နောင်"Where stories live. Discover now