အပိုင်း ( ၁၈ )

12.4K 1.6K 128
                                    

"ကလေးတွေ ကော်ဖီလာသောက်ကြ"

မြေကွက်လပ်လေးတွင် ဖိုထားသော မီးပုံနားသို့ ကူးကူးနှင့် နောင်နောင်က ဝါးထိုင်ခုံလေးတွေ မကာ ရောက်လာကြသည်။ ညဦးပိုင်းပဲ ရှိသေးပေမဲ့ ဂျူဂျူးကတော့ အိပ်ရာဝင်သွားလေပြီ။သူ့နံဘေး၌ လာထိုင်သည့် နောင်နောင့် မာဖလာ လျော့ရဲရဲနှင့်မို့ စိုင်းခန့် သေချာ ပါတ်ပေးလိုက်ရ၏။

"မုန့်လည်း စားနော် ကူးကူး"

"ဟုတ်ကဲ့ဗျ"

ရေအကြာကြီး ဆော့ထားကြပြီး အခုကျ အတော်လေးအေးနေပုံပေါ်သည်။ ဆောင်းရာသီဖြစ်သည့်အပြင် တောထဲမှာမို့ အအေးဓာတ်က ပိုကဲလို့နေ၏။ သူ စိုးရိမ်တာ ချူချာချင်တဲ့ နောင်နောင့်ကို ဖြစ်သည်။နှာစေးချင်နေသယောင်မို့ ပါးတွေ နဖူးတွေ စမ်းကြည့်တော့ အဖျားမရှိ။

"ညအိပ်ရင် ခြေအိတ်ချွတ်ဖို့ မမေ့နဲ့...အပူကန်မယ်"

"အော်...ကျွန်တော် ဆေးလည်း သောက်ထားတယ်"

"ဟုတ်ပါပြီ"

စိုင်းခန့် ငယ်ငယ်ကတည်းက ဒီကလေးတွေ မချော်လှဲအောင်ကအစ ဂရုတစိုက်ရှိခဲ့ရသည်။ ဂျူဂျူးဆိုလျှင် အဆော့သန်လွန်းသဖြင့် မကြာခဏ ထိခိုက်တတ်၏။ လမ်းမလျှောက်နိုင်တော့ရင် သူကပဲ အိမ်အရောက် ကျောပိုးကာ ပြန်ပို့ရသည်။ အသက် ၂၀ မပြည့်သေးပေမဲ့ စိုင်းခန့်က ၃၀ အရွယ်လို စိတ်ထား ရင့်ကျက်နေတာဟာ အဲ့ဒါတွေကြောင့်ဖြစ်မည်။

"အစ်ကို ကာရန်ရော"

နောင်နောင် မေးပါမှ သူ ဝါးအိမ်ထဲ သို့ လှမ်းကြည့်လိုက်မိသည်။ညစာ စားပြီးကတည်းကပြန်ထွက်မလာသေးသည့် ကာရန်က သူ့ကို စိတ်ဆိုးနေသည် ထင်၏။ ရေကန်မှာတုန်းက
တမင်ရည်ရွယ်ပြီး လုပ်ခြင်းမဟုတ်သော် လည်း စိုင်းခန့် ထိန်းချုပ်မှု ကင်းလွတ်သွားတာကိုတော့ ဝန်ခံပါသည်။ သာမန် ယောက်ျားလေးနှစ်ယောက်ကြားမှာ ဖြစ်သင့်တဲ့ အပြုအမူမျိုး မဟုတ်။ ရှိုင်းကာရန် ရှက်သွားတာကို သူရိပ်မိပါ၏။

"ကာရန်"

သူ အိမ်ထဲဝင်ပြီး ခေါ်လိုက်တော့ ကာရန်ကအခန်းတံခါးကို တွန်းဖွင့်လာသည်။ အပြာရောင် ဆွယ်တာလေး တစ်ထပ်တည်းဖြင့်
အေးနေမှာ အသေအချာ။

ချစ်သော "နောင်"Where stories live. Discover now