အပိုင်း ( ၂ )

22.8K 2.4K 136
                                    


"စိုင်းခန့်"

ခေါ်သံကြောင့် စိုင်းခန့်နောင် လှည့်ကြည့်လိုက်သည်။အဖြူ ရောင်ရှပ် နှင့် ဂျင်းအပြာရင့်ဝတ်ထားသူက နေရောင်ခြည်အောက်တွင် တိမ်စိုင်တစ်ခုနှယ် ဖွေးလွသန့်ပြန့်နေ၏။အရယ်အပြုံးမရှိ တည်ကြည်သော မျက်နှာ။ မာန်မာန ရိပ်ရိပ်လွှမ်းသော မျက်ဝန်းများနဲ့ဆုံလေတိုင်း စိုင်းခန့်နောင်ရင်ထဲ ဝေဒနာတစ်မျိုးခံစားရသည်။

"မေမေက လွှတ်လိုက်တယ်"

ခြံထွက် သစ်သီးတွေ ကိုယ်တိုင်လာဝယ်နေကျ အန်တီနှင်း မအား၍ထင်။

သားဖြစ်သူက မလာစဖူး ရောက်လာရပေမဲ့ စိတ်မပါသလိုရှိနေတာ ကိုယ့်ကြောင့်ပဲဖြစ်မည်။

ရှိုင်းကာရန်က သူ့အတွက်တော့ တစ်မိုးအောက်တစ်ယောက်ပဲ။

ပေါင်းရသင်းရခက်သော လူတွေနှင့်ပင် လိုက်လျောညီထွေရှိပေမဲ့ ရှိုင်းကာရန်နဲ့ဆို အကြည့်ချင်း စစ်ခင်းချင် ခင်းနေရတတ်ခြင်း။

"မင်း လိုက်ဆွတ်မှာလား"

အဖြေပြန်မပေးဘဲ နောက်က လိုက်လာသည်။

ဖြူ စွတ်နေတဲ့ ဖိနပ်တွေပေါ်မှာ မြေနီတွေ စွန်းပေသွားသော်လည်း ဂရုမထားဟန် လိမ္မော်ခြံထဲ ဟိုကြည့်သည်ကြည့်။

စိုင်းခန့်နောင် ကိုယ်ပေါ်က အစိမ်းရောင်မှိုင်းမှိုင်း တီရှပ်နဲ့ Short pant အရောင်ဖျော့ဖျော့ က နွမ်းနေကာ ခြေညှပ်ဖိနပ် ကလည်း မြေနီအလိမ်းလိမ်း။ဒါက စိုက်ခင်းထဲရောက်ရင် အလုပ်ကိုသာ တစိုက်မတ်မတ်လုပ်တတ်တဲ့ စိုင်းခန့်နောင်ရဲ့သဘာ၀ ပုံစံပဲ။

မွန်းလွဲချိန် ညနေသုံးနာရီ။အပူချိန်ဟာ စိုက်ခင်းထဲက လူတွေအတွက် ပုံမှန်ဖြစ်ပေမဲ့ တစ်ယောက်သော သူကတော့ အပူဒဏ်မခံနိုင်ရှာ။ ယောကျာ်းလေးတန်မဲ့ အသားအရည်လှလွန်းကြသူတွေထဲ သူ့ရဲ့ညီ
သော်ခွန်းနောင် အပြင် နောက်တစ်ယောက်ကို သတိထားကြည့်မိခြင်းပင်။ နေရောင်လေး ဟပ်လိုက်သည်နှင့် ပါးပြင်တွေက နီရောင်သမ်းချင်ပြီ။ နောင့်နောင့်ကိုဆို နေပူအောက် လျှောက်မပြေးဖို့ ​ခဏခဏ ပြောရပြီး အရိပ်အောက်မှာပဲ နေခိုင်းရသည်။

ချစ်သော "နောင်"Where stories live. Discover now