အပိုင်း [ ၃၆ ]

10.6K 1.5K 164
                                    

"မနက်ဖြန်ည 8 နာရီ...အဝေရာကွင်းနားမှာ ဆုံမယ်"

အစ်မနန်းမိုရ် ပြောသွားသော စကားတွေက
စိုင်းခန့် နားထဲ တဝဲလည်လည်။ ညိှပေးဖို့ ကြိုးစားခဲ့ပေမဲ့ ဦးမင်းထိုက်က ကာရန့်ကို အခန်း တံခါး ပိတ်ထားကြောင်း ကြားရတော့
သူ ဒေါသ ဖြစ်ရသေး၏။ အဲ့သည့်လောက်ထိ လိုက်ထိန်းချုပ်ရအောင် ကာရန်က မစဥ္းစား မဆင်ခြင်တတ်တဲ့ အရွယ်လေးလည်း မဟုတ်။ အချစ်နဲ့ ပါတ်သက်ပြီး ကာရန် မဝံ့မရဲဖြစ်နေခြင်းတွေက ဘေးပါတ်ဝန်းကျင်ထက် မိသားစု၏ပညတ်ချက်တွေ​ကြောင့် ပိုသည်။ သတ္တိရှိရှိ ဖွင့်ပြောခဲ့ရဲတာကိုတော့ ချစ်ရသူအား စိုင်းခန့် နှစ်နှစ်ကာကာ
မြတ်နိုးရပါ၏။

"ဒီနှစ် ပျောက်လှချည်လား စိုင်းခန့်ရ"

ရပ်ကွက်ထဲက လူငယ်တွေ ဆုံသည့် ထက်သူရ အိမ်တွင် နှစ်တိုင်း ပွဲအတွက် ပြင်ဆင်စရာရှိတာ ပြင်ဆင်ကြသည်။ မင်းမြတ်နဲ့ လင်းယံ
ကလည်း သူတို့ ရပ်ကွက်သား မဟုတ်ပေမဲ့
လာကူပေးလေ့ရှိသည်။ နိုင်မင်းကို မြင်တော့
ကျောင်းတုန်းက ဖြစ်ရပ်ကို ပြန်မှတ်မိကာ
စိုင်းခန့် ရင်ထဲ မကောင်း။ ကာရန် စိတ်ပင်ပန်းခဲ့မှာတွေကို တွေးမိလေ သူပါ မွန်းကြပ်ရလေ။ တသီးတသန့် ကွဲထွက်နေခဲ့သော ကာရန်က မာနမင်းသားလေးမဟုတ်ဘဲ
လှောင်အိမ်ထဲက အလှငှက်ကလေးဖြစ်နေခဲ့
သည်။

"ငါ မင်းတို့ကို ပြောစရာ ရှိတယ်"

သူနှင့်အရင်းနှီးဆုံး သူငယ်ချင်းတွေ ဖြစ်သော မင်းမြတ် ၊ လင်းယံ နှင့် ထက်သူရက
အလိုက်သိစွာပင် လူရှင်းသည့် အိမ်နောက်ဖက် ဝင်းထဲ သူနှင့်အတူ ခြေလိုက်လှမ်းသည်။ သစ်သားစားပွဲနှင့် ခုံကလေးတွေ ရှိသည့် စိန်ပန်းပင်ကြီးအောက်တွင် ဝင်ထိုင်လိုက်ကြပြီး ထက်သူရက အိမ်ရှေ့မှယူလာသော ရေနွေးဗန်းနှင့် ယာဂုပန်းကန်ကို စားပွဲပေါ် ချသည်။ ထက်သူရက သူတို့အတွက် ရေနွေးကြမ်း တစ်ခွက်စီ ငှဲ့ပေးရင်း စိုင်းခန့်ပြောမဲ့ စကားကို နားထောင်နေသလို မင်းမြတ် နဲ့ လင်းယံကလည်း သူ့မျက်နှာကို အကြည့်မလွှဲ။

"ငါ ယောက်ျားခိုးတော့မယ်"

"ဘာ!"

"အ အ ပူတယ်"

ချစ်သော "နောင်"Where stories live. Discover now