အပိုင်း [ ၄၆ ]

11.1K 1.5K 61
                                    

စိုင်းခန့်ရဲ့မိဘတွေနဲ့ ညစာ အတူစားပြီးတဲ့နောက် ကာရန် အနည်းငယ် စိတ်သက်သောင့်သက်သာ ဖြစ်လာသည်။ စိုင်းခန့်က သူ့နံဘေးတွင် ရှိနေပေးသဖြင့် အန်တီတို့နဲ့စကားပြောရတာလည်း အဆင်ပြေ​လျက်။ စိုင်းခန့် မိဘတွေက မေတ္တာရှေ့ထားကာ သူတို့ကို အပြစ်မဆိုတာကြောင့် ကာရန်
ကျေးဇူးတင်ရ၏။

"အဖေတို့က ဘယ်မှာ အိပ်အိပ် ရပါတယ်"

"ဘယ်ဟုတ်မလဲ အဖေရဲ့...သားတို့ အခန်းထဲမှာ အိပ်ပါ"

"သားတို့ကရော"

"ဟိုဖက်အခန်းထဲမှာ အိပ်ရာ ပြင်ထားပြီးပြီ"

"ကောင်းကောင်း အနားယူကြပါ ခင်ဗျ"

သူ ဦးလေးနှင့် အန်တီ့ကို ဦးညွှတ်နှုတ်ဆက်လိုက်ပြီး စိုင်းခန့် လက်ဆွဲခေါ်ရာ ပါသွား၏။

သူတို့အိပ်ခန်းလောက်တော့ မကျယ်ဝန်းပေမဲ့
ဥယျာဥ္ထဲ လှမ်းမြင်ရသည့် မှန်နံရံတစ်ဖက်နဲ့ အခန်းလေးက အဖြူနှင့်မိုးပြာရောင်တွေချည်း သုံးပြီး ပြင်ဆင်ထားတာကြောင့် အမြင်အေးလျက်။ Indoor plantsတွေလည်း ရှိတာကြောင့် အခန်းတွင်းလေထုက
လတ်ဆတ်သန့်ရှင်းနေ၏။ ညမှောင်နေပြီဖြစ်၍ စိုင်းခန့်က  မှန်နံရံတစ်လျှောက်မှာ လှိုက်ကာချလိုက်သည်။

"ကိုယ် ရေချိုးလိုက်ဦးမယ်"

"အင်း"

သူကတော့ ညနေကတည်းက ချိုးပြီးပြီမို့ အိပ်ရာဝင်ရုံ။ ကုတင်မပါဘဲ ကြမ်းပေါ်တွင် ခင်းထားသည့် ခုနှစ်လက်မအမြင့်ရှိသော နှစ်ယောက်အိပ် မွေ့ရာကလည်း သပ်သပ်ရပ်ရပ်။ အဖြူရောင် အခင်းပေါ် ဝင်လှဲလိုက်တော့ တိမ်စိုင်ထဲ နှစ်သွားသလိုခံစားရသည်။
ဆွဲခြုံလိုက်သည့် မိုးပြာရောင် စောင်ထူထူက နွေးထွေးနေပြီး သူ အိပ်ချင်လာပေမဲ့ စိုင်းခန့်ကို စောင့်နေမိသေး၏။တဒင်္ဂ မှေးခနဲ ဖြစ်သွားချိန်မှာ ရင်းနှီးနေပြီဖြစ်သော ကိုယ်သင်းနံ့ကြောင့် မျက်လုံးတွေ ဖွင့်လိုက်သည်။

"စိုင်းခန့်"

ကိုယ့်ကို အုပ်မိုးကြည့်နေသော မျက်ဝန်းတွေဟာ ညို့ရီရီ။ မီးခိုးရောင် ညဝတ် အင်္ကျီကို ကြယ်သီးအပြည့် မတပ်ထားသဖြင့် ရင်ဘတ်က ဟလျက်။ စောင်ထဲကနေ လက်ထုတ်ကာ သူ အင်္ကျီကြယ်သီးတွေကို လိုက်တပ်ပေးတော့ စိုင်းခန့်က ပြုံးသည်။ ​နီဆွေးသည့် နှုတ်ခမ်းတွေ သူ့ပါးတစ်ဖက်ထဲ နှစ်ဝင်လာတော့ ရင်ခုန်နှုန်းက သိသိသာသာ မြှင့်တက်လာပြီး အနမ်းတွေ အရှိန်မလွန်ခင် သူ စိုင်းခန့်ရဲ့ ရင်ဘတ်ကို တွန်းကန်မိသည်။

ချစ်သော "နောင်"Where stories live. Discover now