အပိုင်း ( ၁၄ )

12.7K 1.6K 76
                                    

စိုင်းခန့်ဆီမှ အပြန်လမ်းတစ်လျှောက် သူ့ရဲ့စိတ်ထဲ ကြည်နူးနေမှုလေးသည် အိမ်ကို ပြန်ရောက်တော့ ပြယ်လွှင့်သွားရလေ၏။

"မင်္ဂလာပါ ခင်ဗျာ"

ဧည့်ခန်းတွင် ထိုင်နေကြသော ဧည့်သည်တွေကို သူ ဦးညွတ် နှုတ်ဆက်လိုက်သည်။ သူ့ကို ပြုံးပြလာသော ဟန်နီ့ကို ပြန်လည် ပြုံးပြပြီးနောက် သူ မီးဖိုခန်းထဲသို့ ဝင်ခဲ့တော့သည်။

"ကာရန့်လို သားတစ်ယောက်လောက် ရှိရင် ကောင်းမှာပဲ"

ဟန်နီ့ မေမေက သူ့ကို မြင်တိုင်း ပြောနေကျ စကား။ လူကြီးချင်းက အတိုင်အဖောက်ညီစွာ သား နှင့် သမီးကို အပြန်အလှန် ချီးမွမ်းခန်းတွေ ဖွင့်လျက်။

စတော်ဘယ်ရီခြင်းတွေကို စားပွဲပေါ် တင်ပြီး နေရာတွင် ရပ်နေမိသေးတော့

အမေ့ကို ဟင်းချက်ကူနေတဲ့ မမက သူ့မျက်နှာကို တစ်ချက် လှမ်းကြည့်၏။

"စကားသွားပြောဦးလေ သားငယ်"

မေမေက သူ့အား ဟန်နီ့ဘေးသို့ တွန်းပို့ချင်နေဟန်။ ဟန်နီနှင့်သူက ကျောင်းတက်ရင်းလည်း အမြဲဆုံနေကြတာမို့ ထွေထွေထူးထူး ပြောနေရမည့် လူတွေ မဟုတ်ပါ။ သို့သော် မိဘတွေကတော့ သူတို့နှစ်ယောက်ကို
သူငယ်ချင်းတွေ အဖြစ်ထက် ပိုကာ မြင်ချင်နေကြသည်။

"ဖေဖေက အဲ့လိုပဲ ဦးလေး...သမီးက လျှော့သောက်ပါပြောလည်း နားမထောင်ဘူး"

"ကိုအုပ်စိုးကတော့  သမီး လိမ္မာလေး ရထားတာပဲ"

"ဟားဟား"

လူမှုဆက်ဆံရေးကောင်းသည့် ဟန်နီက လူကြီးတွေနှင့် စကားပြောဆိုရာတွင်လည်း
အဆင်ပြေလှသည်။ ဟန်နီ့ဘေး၌ ခပ်ခွာခွာ ဝင်ထိုင်လိုက်သော သူ့ထံသို့ အဖေ့ဆီမှ အကြည့် တစ်ချက် ရောက်လာ၏။

"ကလေးတွေ အတူ အရွယ်ရောက်လာတာ မကောင်းဘူးလား"

"ကောင်းပါ့ဗျာ"

ဦးအုပ်စိုးကလည်း သူနှင့်သမီးဖြစ်သူကို ကြည့်ကာ သဘောတကျ ရှိနေသည်။

အနေရခက်လှစွာ သူက ငြိမ်သက်နေပေမဲ့ ဟန်နီတစ်ယောက်ကတော့ အလိုက်သင့်လေး ရီပြုံးရင်း ဘာ Stress မှ မရှိသလိုပင်။

ချစ်သော "နောင်"Where stories live. Discover now