တန်ဆောင်တိုင်ကာလဖြစ်၍ မြို့ထဲတွင် ပုံမှန်ထက် ပိုပြီး လူစည်နေသည်။ မနက်ပိုင်းတွင် စိုင်းခန့် မြို့မစျေးနားရှိ ပွဲရုံကို ဝင်ခဲ့သည်။ ပွဲချိန်ဆို သူ့ဝန်ထမ်းတွေကို သေချာ အနားပေးရမည်။ ဒီနှစ်လည်း လစာအပြင် တန်ဆောင်တိုင် မုန့်ဖိုး ပိုပေးနိုင်လို့ စိုင်းခန့် ပီတိဖြစ်မိ၏။ မောင်လွန်းက အိမ်ခဏပြန်ဖို့
ခွင့်တောင်းလာသဖြင့် မောင်လွန်းရဲ့ မိဘ တွေအတွက် စိုင်းခန့် လက်ဆောင်တွေပါ ဝယ်ထည့်ပေးလိုက်သည်။ ထို့နောက် ခြံထဲက အိမ်မှာ ချက်ပြုတ်ဖို့ရာအတွက် စိုင်းခန့် စျေးသုံးရသည်။ နောင်နောင်က သူ့ဧည့်သည်နှင့်အတူ လာလည်မည် ဆိုထားသဖြင့် ဧည့်
ဝတ်ကျေရမည် မဟုတ်ပါလား။"ရွှေပဲသီးရွက် နှစ်စည်းပေးပါဗျ"
"တခြား ဘာလိုသေးလဲ သားငယ်"
"မုန်ညင်းချဥ္က အိမ်ချဥ္လားဗျ"
"ဟုတ်တယ် သားငယ်"
"ယူမယ်ဗျ"
လိုအပ်တာတွေ ဝယ်နေတုန်း စိုင်းခန့်ရဲ့ ဂျာကင်အင်္ကျီ အိတ်ကပ်ထဲရှိ ဖုန်းကမြည်လာသည်။
"Hello"
"စိုင်းခန့်"
တစ်ဖက်က ကာရန့် ရဲ့အသံကို ကြားတော့ သူ အလိုအလျောက် ပြုံးမိသွား၏။
"တွေ့ချင်တယ်...အချစ်"
လူကြားထဲမှာမို့ နှုတ်ဖျားကနေ အချစ်ဟု
ခပ်တိုးတိုးသာ ခေါ်လိုက်ပေမဲ့ ရင်ခုန်သံဟာ တဒိတ်ဒိတ်။"ခုပဲ အိမ်ကထွက်လာပြီ"
"အင်း"
သူ စျေးထဲကနေထွက်ပြီး ခြံထဲရောက်တော့
မနက် ဆယ်နာရီကျော်။ကားပေါ်က ပစ္စည်းထုပ်တွေကို မီးဖိုဆောင်ထဲ သွားထားပြီး အပြင်ပြန်ထွက်လာတော့
အိမ်ဖက်ဆီ ဦးတည် မောင်းလာတဲ့ ကားအဖြူလေးကို မြင်လိုက်ရသည်။သွားစွယ်တွေ ပေါ်သည့်အောင် စိုင်းခန့်ပြုံးရယ်မိကာ ကားပေါ်မှ ဆင်းလာသည့်
ကာရန့်အား ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပါ၏။ချယ်ရီရောင် နှုတ်ခမ်းပါးကို အနမ်းပေးသည့်အခါ မျက်လွှာချလျက် ငြိမ်နေသည့် ကာရန်။