အပိုင်း [ ၅၃ ]

11K 1.3K 61
                                    

"ကာရန်"

တံခါးကို ဆွဲဖွင့်ကာ အခန်းထဲမှ ထွက်သွားသည့်ကာရန်က သူခေါ်တာကို ကြားပုံမရ။ စိုင်းခန့် အိပ်ရာပေါ်ကနေ ဆင်းပြီး ကာရန့်နောက်
လိုက်သွားပေမဲ့ ကာရန်က ဧည့်ခန်းတွင် မရှိတော့။ အိမ်ရှေ့မျက်နှာစာမှာ အဖြူရောင် အရိပ်ကလေးကို လှမ်းမြင်သဖြင့် သူလည်း အိမ်တံခါးမကြီးကို ဖြတ်ခဲ့၏။ ညမီးအလင်းရောင် မှိန်မှိန်သာရှိသည့် ပါတ်ဝန်းကျင်ဝယ် အမှောင်ရိပ် ကြီးစိုးနေသေးကာ ဘယ်အချိန်ရှိပြီလဲ ခန့်မှန်း၍မရ။

"အချစ်!"

လေသံကို မြှင့်ကာ ခေါ်လည်းပဲ အချစ်က သူ့ကို ပြန်တောင် လှည့်မကြည့်ပါ။ ခြံတံခါးနား ရောက်နေပြီဖြစ်သော အချစ်ရဲ့ ခြေလှမ်းတွေက ခပ်မှန်မှန်ဆိုပေမဲ့ စိုင်းခန့်ကတော့ ကျောပြင်လေးကို မျက်ခြည် မပြတ်စေရဘဲ နောက်ကနေ ခပ်သွက်သွက် လိုက်ရသည်။ အချစ်က သူ့ကို မပြောမဆိုနဲ့ ဘယ်ကိုသွားမည်လဲ သူ မသိ။ ညအိပ်ဝတ်စုံ ပါးပါးနဲ့အချစ်က ချမ်းအေးလွန်းတဲ့ ရာသီဥတုကို အမှုမထားဟန်။

"ကိုယ်ခေါ်နေတာ ကြားရဲ့လား ကာရန်"

တိတ်ဆိတ်နေသည့် ပါတ်ဝန်းကျင်တွင် သူ့အသံက ပဲ့တင်ထပ်သွားသည့်တိုင် အချစ်ဆီက ဘာတုံ့ပြန်မှုမှ မရသဖြင့် စိုင်းခန့် ရင်ပူစပြုလာသည်။ တောင်ကုန်းလမ်းလေးအတိုင်း တစ်ယောက်တည်း ဆင်းသွားသည့် အချစ်ဟာ သူ့ခေါ်သံတွေကို မကြားလေရော့သလား။ တမင်တကာ လျစ်လျူရှုထားတာများလား။ စိုင်းခန့် ဝေခွဲမရ ဖြစ်ရင်း ​​ခံစားမှု အာရုံတွေလည်း ထုံထိုင်းလာသယောင်။

"ဘယ်ကိုလဲ အချစ်...ကိုယ့်ကို လှည့်ကြည့်ပါဦး"

နီးတော့မလိုလိုဖြင့် ဝေးကွာသွားသည့် နှစ်ယောက်ကြား နှင်းမြူခိုးတွေ ဝင်ရောက်လာကြသောအခါ အချစ် ပျောက်ကွယ်သွားမှာ စိုးရိမ်စွာ သူ ပြေးလိုက်ခဲ့သော်လည်း အရိပ်ကလေးကိုပင် ဖမ်းလို့ မမိခဲ့ပေ။ ဆို့နင့် တင်းကျပ်လာသော ရင်ဘတ်ထဲမှာ မီးလို ပူလျက် မူမမှန်တော့သည့် အသက်ရှူနှုန်းကြောင့် သူ ပင်ပန်း မောဟိုက်လာရ၏။

"ကာရန်...မင်း ဘယ်မှာလဲ"

ကြေကွဲ ဝမ်းနည်းခြင်းတို့က သူ့နှလုံးသားကို ဆုတ်ဖြဲပစ်နေကြသလို။ နာကျင်မှုဝေဒနာအား ဖြေလျော့ဖို့ ကြိုးစားရင်း ​ဦးတည်ရာမဲ့သွားသည့် သူ့ခြေလှမ်းတို့ဟာ မှောင်မှောင်မိှုင်းမိှုင်း အခိုးအငွေ့တွေကြား လမ်းပျောက်နေခဲ့ရင်း။

ချစ်သော "နောင်"Where stories live. Discover now