Description

10.4K 355 1
                                    

Unicode~

ကိုယ်ရှေးခေတ်အခြေပြုထားတဲ့ ဝတ္ထုကို ဘာသာပြန်နေတဲ့အချိန်မှာ အရမ်းကို စကားလုံးတွေရွေးသုံးရတော့ စိတ်တအားလေးလာလို့ ကျောင်းဇာတ်လမ်းကို အခြေတည်ထားတဲ့ဟာလေး ဘာသာပြန်လက်တည့်စမ်းတာပါ။ တစ်ခုတောင်မပြီးသေးဘဲ နောက်တစ်ခုထပ်လုပ်တာ မကောင်းပေမဲ့လည်း ကိုယ်ပြီးတဲ့ထိ ဘာသာပြန်သွားမှာပါ။ ကျောင်းသားဇာတ်လမ်းမျိုးလေးလဲဖြစ်ပြီး လုံးဝနှလုံးသားထဲ နွေးသွားမယ့် ပေါ့ပေါ့ပါးပါးချစ်စရာပုံစံလေးပါပဲ။

Description

ပြီးခဲ့သောဘဝက ချီရင်သည် လူဆိုးဓားပြများ၏ ဂူမှ စစ်သူကြီး၏ ကယ်တင်မှုကိုခံခဲ့ရပြီးနောက် စစ်သူကြီး၏ ကိုယ်လုပ်တော်ဖြစ်လာခဲ့သည်။ စစ်သူကြီးက စစ်ပွဲတစ်ပွဲမျှပင် မရှုံးဖူးပေ။ စစ်သူကြီးအားချီးကျူးသည့် သီချင်းများမှာလည်း ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခဲ့သည်။ နောက်ဆုံးတွင် စစ်သူကြီးလည်း သေလောက်သည့်ဒဏ်ရာရ၍ စစ်ပွဲတွင်သေဆုံးသွားခဲ့သည်။ စစ်သူကြီးသေဆုံးသည့်သတင်း ချီရင်နားသို့ ရောက်လာသောအခါ သူမသည် တစ်ချက်မှ တုံ့ဆိုင်းခြင်းမရှိဘဲ သူမကိုယ်သူမ တံခါးရက်မတွင် ဆွဲကြိုးချကာ သတ်သေခဲ့သည်။ နိုးလာချိန်တွင် သူမသည် ဆယ့်ခုနှစ်နှစ်အရွယ် ဆွံ့အနားမကြားသော ချီရင်ဖြစ်လာသည်ကို ရှာတွေ့ခဲ့သည်။

------------

ငယ်ရွယ်တဲ့မိန်းကလေးက ဘာအသံမှမကြားနိုင်၊ စကားလည်းမပြောနိုင်ပေမဲ့ သူမရဲ့မျက်လုံးများက  အဖြူရောင်လရောင်လေးကဲ့သို့ ဖြူစင်လှသည်။ သူမ၏အကျင့်စရိုက်ကလည်း အပူအပက်ကင်းလှသည်။ တစ်နေ့တွင် သူမသည် အေးစက်၍ အဖက်မလုပ်သော လူငယ်လေး၊ လူတိုင်းက လူတိုင်းကကြောက်ရွံ့၍သတိထားကြရသော သူမ၏စစ်သူကြီးနှင့် တွေ့ဆုံခဲ့သည်။

-------------

လူတိုင်း၏ မျက်လုံးထဲမှ ကျီရန်:

ကြောက်စရာကောင်းလောက်အောင် စိတ်တိုလွယ်တယ်! အရမ်းချမ်းသာလွန်းတယ်!သူနဲ့လမ်းတောင် ဖြတ်မလျှောက်တာ အကောင်းဆုံးပဲ!

---------------

ချီရင်၏ မျက်လုံးထဲမှ ကျီရန်:

စစ်သူကြီးက ကောင်းကင်ရဲ့ဆန္ဒအတိုင်း တာဝန်ထမ်းဆောင်ပြီး မ​ကောင်းတဲ့သူတွေကို ဒဏ်ပေးနေတာ! စစ်သူကြီးက ချမ်းသာတဲ့သူတွေဆီကနေ လုပြီး ဆင်းရဲသားတွေကို ကျွေးမွေးနေတာ! စစ်သူကြီးက တကယ့်ကို ထိပ်တန်းဖြစ်ပြီး အံ့အားသင့်စရာအရမ်းကောင်းတာပဲ!

​Boss​၏ နတ်သမီးလေးအဖြစ် ကူးပြောင်းလာခြင်း(Myanmar Translation)Where stories live. Discover now