Chapter(6)

936 133 20
                                    

Unicode

Chapter(6)

နေလုံးက ခရီးတစ်ဝက်ရောက်နေပြီဖြစ်ပြီး တိမ်များမှာလည်း ရွှေရောင်အနားသတ်များဖြင့် နစ်မြှုပ်ဝင်နေပြီ။ ပါးလျ၍ ဝိုးတိုးဝါးတားနှင့် ဖျော့တော့တော့ညနေခင်းအလင်းရောင်က သူမ၏မျက်လုံးထဲ တိုးဝင်လာတယ်။

သူ့၏အင်္ကျီလက်တွင် လျှော်ဖွပ်ပြီးနောက်တွင် ခပ်ဖျော့ဖျော့ကျန်ရစ်ခဲ့သည့် အပြာရောင်မင်စက်လေးများ ရှိနေတယ်။ ချီရင်က ၎င်းကို  ဂရုတစိုက် သူမ၏လက်ဖဝါးထဲသို့ ဆွဲယူလိုက်သည်။ ကျောင်းယူနီဖောင်းက သူ့ပုခုံးပေါ်မှ ပြုတ်ကျသွားမည်စိုး၍ သူမက ခပ်ကြမ်းကြမ်း မဆွဲရဲပေ။

ကျီရန်က သူမ၏ကျောင်းလွယ်အိတ်ကို လက်တစ်ဖက်ဖြင့်သယ်ပြီး သူ့အခြားလက်တစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲထည့်ကာ ပျင်းတိပျင်းရွဲ ရှေ့ကလျှောက်လာခဲ့တယ်။

စာသင်တောင်ကနေ အပြင်ဘက်ကို လျှောက်လာတော့ မလှမ်းမကမ်းမှာ ယွီကျိုးက ပန်းခြံဘောင်ပေါ်မှာ မတ်တပ်ရပ်ပြီး ဖုန်းဆော့ရင်း ခဏတိုင်း အပေါ်ကို မော့မော့ကြည့်နေတယ်။ အစပိုင်းအကြည့်တွေက သာမန်ကာလျှံကာပါပဲ၊ နောက်ဆုံးအကြည့်က ကျီရန်ကို ဦးတည်နေပြီးနောက်မှာတော့ ကျီရန်နောက်က ချီရင်ဆီကိုရောက်သွားတယ်။ ထို့နောက် ဖျက်ခနဲအကြည့်ကနေ စိန်းစိန်းဝါးဝါးအကြည့်အဖြစ် ပြောင်းသွားပါလေသတဲ့။

သူက သူ့ဖုန်းကို အိတ်ကပ်ထဲထည့်ပြီး အမြန်ပြေးသွားတယ်။

ကျီရန်ကလည်း သူ့ကိုမြင်တော့ ရပ်လိုက်တယ်။ ယွီကျိုးက ပြေးလာပြီး သူ့လက်ထဲက လွယ်အိတ်ကို မပြောမဆိုနှင့် ဆွဲယူလိုက်တယ်။

ယွီကျိုးက ကျီရန်နောက်က ချီရင်ကို ခါးခါးသီးသီး ကြည့်ပြီး သူမကြားကြား မကြားကြား ကုန်းအော်တယ်၊ “အစ်မ၊ အစ်မ သူနဲ့ သွားလို့မရဘူးလေ”

ကျီရန်က နောက်ကို မကြည့်ဘဲ ပုခုံးပေါ်က ယူနီဖောင်းကို ဆွဲပြီး လှုပ်ကာ ချီရင့်ကို လွှတ်လိုက်ဖို့ အချက်ပြတယ်။

သူမက နာနာခံခံနှင့် လွှတ်ပေးလိုက်တယ်။

ရက်စက်ကြမ်းကြုတ်သည့်အရှိန်အဝါက နောက်ဆုံးမှာတော့ ပယ်ပျောက်သွားတယ်။

​Boss​၏ နတ်သမီးလေးအဖြစ် ကူးပြောင်းလာခြင်း(Myanmar Translation)Where stories live. Discover now