Chapter(9)

977 126 6
                                    

Unicode~

Chapter(9)

မျက်ရည်တွေဝဲလျက် ယွီကျိုးက အချိန်ပိုအလုပ်ဆင်းနေသည့် ယွီချိန်ဆီ ဖုန်းခေါ်လိုက်တယ်။

သူ့သား၏ စောဒကတက်မှုကို နားထောင်အပြီးတွင် ယွီချိန်က အချိန်အတော်ကြာ အသံတိတ်သွားပြီးနောက် သက်ပြင်းချပြီး ပြောလာတယ်၊ “ မင်းအမေ အကုန်လုံး ဝယ်ပါစေ၊ ထားလိုက်တော့။ နှစ်ကုန်bonusထုတ်တဲ့ချိန်ကျ အဖေက သားကို laptopတစ်လုံး ဝယ်ပေးမယ်”

ယွီကျိုးက ဒေါသထွက်သွားတယ်၊ “ကွန်ပျူတာကိစ္စတစ်ခုတည်းကြောင့် မဟုတ်ဘူး! အခြေခံသဘောကို ပြောနေတာ! အမေသာ ဒီတိုင်းဆက်သွားနေမယ်ဆိုရင် ဒီနေ့အတန်းဖော်ဟောင်းက အာမခံရောင်းတယ်၊ နောက်နေ့ကျ သူငယ်ချင်းဟောင်းတစ်ယောက်က ကျန်းမာရေးစောင့်ရှောက်မှုကို ရောင်းနေဦးမှာပဲ။ အမေဘယ်နှစ်ကြိမ်လောက် လိမ်ခံရမလဲဆိုတာ သားမသိတော့ဘူး!”

ယွီချိန့်ဆီမှ တတောက်တောက်နှင့်စာရိုက်သံပေါ်လာပြီးနောက်တွင် သူက ဖြည်းဖြည်းချင်း ပြောလာတယ်၊ “သားအမေ စိတ်ချမ်းသာအောင် ဝယ်ခိုင်းလိုက်ပါ။ သားအဒေါ်တို့မတော်တဆမှုပြီးကတည်းက သားအမေက အမြဲတမ်း စိုးရိမ်ပူပန်နေခဲ့တာ၊ သူမ ဒါမှမဟုတ် အဖေ့ဆီမှာ တစ်ခုခုဖြစ်သွားမယ်ဆိုတာ တွေးပြီး ညဆို မအိပ်နိုင်ဘူး။ အဲ့လိုဆို သားတစ်ယောက်တည်း အသက်ရှင်နိုင်မှာမဟုတ်ဘူး။ အာမခံဝယ်ထားတာကောင်းပါတယ်။ ပြဿနာတစ်ခုခုဖြစ်ရင် အနည်းဆုံးတော့ အာမခံချက်ရှိတာပေါ့”

ယွီကျိုးက ဘာမှမပြောတော့ဘူး။

သူက ငယ်သေးပြီး ကလေးအတွေးသာရှိတယ်။ သူ့အဒေါ်တို့မိသားစုရဲ့မတော်တဆမှုက သူ့ကို ထိတ်လန့်မှုအကြီးစား ဖြစ်စေခဲ့တယ်၊ သူ့ရဲ့ဝမ်းနည်းတဲ့ခံစားချက်နှင့် သူ့အစ်မကို ဂရုစိုက်ရမှာအပြင် တခြားအတွေးမရှိခဲ့ဘူး။

ဒါပေမဲ့ ယွီချိန်နှင့် သူ၏အမျိုးသမီးကတော့ ကြီးမားသည့်ရိုက်ခတ်မှုဒဏ်ကို ခံစားခဲ့ရပြီး ပုံမှန်ဖြစ်နေဟန်ရသည့်သမားရိုးကျဘဝကို ပြန်ဆန်းစစ်မိခဲ့ကြတယ်။

မတော်တဆမှုက မင်းဆီမှာသာဖြစ်မလာခဲ့ရင် ဘယ်လောက်ဆိုးရွားမှန်း မင်းသိမှာမဟုတ်ဘူး။ သူ့ကိုယ်ပိုင်မျက်လုံးနှင့် ၎င်းက နွေးထွေးလှပတဲ့မိသားစုတစ်စုကို ဘယ်လိုဖျက်ဆီးသွားလဲဆိုတာကို မြင်ခဲ့ရတယ်။

​Boss​၏ နတ်သမီးလေးအဖြစ် ကူးပြောင်းလာခြင်း(Myanmar Translation)Where stories live. Discover now