Chapter(7)

861 138 4
                                    

Unicode~

Chapter(7)

ဝူရင်းဟွက ဒေါသထွက်လွန်းလို့ ညစာတောင် မစားနိုင်တော့ပေ။ သူမက ရုတ်တရက် သူမ၏တူကို ချပြီး အတန်းဖော်ဟောင်းဆီ ဖုန်းခေါ်တယ်။ ခဏကြာတော့ သူမက မာန်ပါပါနှင့် ပြန်လာတယ်၊ "မနက်ဖြန်ကျ သူမနှင့် ချိန်းထားတယ်!ဒီစာချုပ်မှာ ဆိုင်းငံ့ချိန်ရှိလို့ ပြန်အမ်းပေးတယ်တဲ့။ မနက်ဖြန်ကျ ယွမ်သုံးထောင်ကို ပြန်ထုတ်ပြီး သားအတွက် ကွန်ပျူတာတစ်လုံး ဝယ်ပေးမယ်!"

Laptopလိုချင်နေတဲ့ ယွီကျိုးက သူ့ရဲ့ရန်သူတွေကို အော်ဟစ်လိုက်တယ်၊ "တပ်ဆုတ်လိုက်တော့! မင်းတို့တွေ နောက်ကြောင်းပြန်လှည့်ကြရမယ်ကွ!"

ဘာလို့ သူ့အမေက ခုနှစ်ထောင်ရှစ်ထောင်တန် အာမခံမဝယ်ရတာလဲ? တကယ်လို့ အဲ့ပိုက်ဆံကို ပြန်ထုတ်ရင် သူ့ကွန်ပျူတာက အလန်းစားဖြစ်နေမှာ။

ယွီကျိုးက အပျော်လုံးဆို့နေတယ်၊ ဒါတွေအကုန်လုံးက သူ့အစ်မကြောင့်ပဲ။ သူက အောက်ဆင်းပြီး အမှိုက်သွားပစ်ချိန်မှာ ချီရင်အတွက် ရေခဲမုန့်ဝယ်လာတယ်။ သူ သူမအခန်းထဲကို ရောက်တော့ ချီရင်က သူမရဲ့ရှေးခေတ်ဝတ္ထုကို ထပ်ရေးနေတာကို တွေ့လိုက်တယ်။

ယွီကျိုးက သူ့ဘာသာ တွေးလိုက်တယ်၊ နှစ်အနည်းငယ်နေရင် သူ့အစ်မက စာရေးဆရာမကြီး တစ်ယောက်ဖြစ်လာနိုင်တယ်။

အဲ့ဒီအချိန်ကျရင် သူက သူ့အစ်မအတွက် မိုးကြိုးတွေပစ်ပေးပလိုက်မှာ။

...

သူမရဲ့ဒိုင်ယာရီကို အဆုံးသတ်ပြီးချိန်မှာ ချီရင်က မှတ်စုစာအုပ်ကို ပိတ်ပြီးနောက် နောက်တစ်နေ့ကျရင် အင်္ဂလိပ်စာသတ်ပုံရေးရမှာကို သတိရသွားပြီး အင်္ဂလိပ်စာအုပ်ထုတ်ကာ ပြန်လည်လေ့ကျင့်နေလိုက်တယ်။ တစ်ဝက်လောက်အရောက်မှာ ယွဲ့လီဆီကနေ wechatတစ်စောင် ရောက်လာတယ်: ရင်ရင်! ငါ ခုလေးတင် ကျီန့်ကိုတွေ့ခဲ့တယ် !

ချီရင်က ပြန်မဖြေရသေးခင် နောက်ထပ်စာတစ်စောင်ထပ်ရောက်လာတယ်: သူက တော်တော်လေးလှတဲ့ မိန်းမတစ်ယောက်နဲ့ စကားများနေတာ! သူ့မျက်နှာထားက အရမ်းခက်ထန်နေတာပဲ! ငါက လမ်းခွဲတဲ့မြင်ကွင်းကို မျက်မြင်တွေ့ခဲ့တာလား? ဒါပေမဲ့ အဲ့မိန်းမက အသက်နှစ်ယ့်ငါးနဲ့ နှစ်ယ့်ခြောက်ကြားထဲပဲအသက်ကြီးလိုက်တာဟယ်

​Boss​၏ နတ်သမီးလေးအဖြစ် ကူးပြောင်းလာခြင်း(Myanmar Translation)Where stories live. Discover now