Chapter(8)

802 125 7
                                    

Unicode

Chapter(8)

ခြေသံများ စင်္ကြံလမ်းအပြင်ဘက်ဆီမှ လာနေတယ်။

ကျီရန်က အသက်လတ်ပိုင်းယောင်္ကျားတစ်ဦးစကားပြောနေသည့်အသံကို ကြားလိုက်ရတယ်၊ “ရင်ရင်သွားတာ ဒီလောက်ကြာနေပြီကို ဘာလို့ပြန်မလာသေးတာလဲ? ဝင်ပြီးသွားကြည့်လိုက်”

ယွီကျိုးက ဒေါသထွက်လာလို့ အသံတောင်ပြောင်းသွားတယ်: “ဒါက အမျိုးသမီးသန့်စင်ခန်းလေ! အဖေသွားချင်သွားပေါ့!”

ကျီရနိက ခြေနှစ်လှမ်းနောက်ဆုတ်ပြီး သူတို့ကြားမှာ အကွာအဝေးတစ်ခုထားလိုက်တယ်။ သူ့လက်ညှိုးကို နူတ်ခမ်းနားထားကာ တိတ်တိတ်နေဖို့အမူအရာလုပ်ပြတယ်။ သူ့ကိုယ်သူ ငတုံးတစ်ယောက်လိုတောင် ခံစားမိတယ်၊ချီးတဲ့မှ၊ သူမမှ စကားမပြောနိုင်တာကြီးကို။

ခြေသံတွေက နီးလာပြီ။

ကျီရန်က သူ့နက်ကတိုင်ကို ဆွဲဖြုတ်လိုက်ပြီး လေဝင်သည့်နေရာမှ ပြတင်းပေါက်ဆီခုန်တက်ပြီး ခုန်ချသွားတယ်။

ချီရင်က အသံတိတ် အာမေဍိတ်သံပြုမိပြီး ပြတင်းပေါက်ဆီပြေးသွားကာ အောက်ကိုငုံ့ကြည့်လိုက်တယ်။ ဒုတိယထပ်အမြင့်ကနေ ကျီရန်က မြေကြီးပေါ်ကို ခုန်ဆင်းပြီးနောက် မတ်တပ်ရပ်ပြီး သူ့လက်တွေကို ခါလိုက်တယ်၊ ပြီးတော့ အောက်ထပ်မှာရပ်ထားတဲ့ တောင်တက်ဆိုင်ကယ်ပေါ် တက်လိုက်တယ်။

မြည်ဟိန်းသံကြီး ပေါ်လာပြီးနောက် အနက်နှင့်အနီရောင်အရိပ်က လေထုထဲမှ ကြွင်းကျန်ရစ်တဲ့တိတ်ဆိတ်မှုကို ဆွဲခေါ်ထုတ်သွားပြီး သူမရဲ့မြင်ကွင်းဆီကနေ ပျောက်ကွယ်သွားတယ်။

သူမ၏အနောက်မှာတော့ ယွီကျိုးက ခိုးကြောင်ခိုးဝှက်ဝင်လာပြီး သန့်စင်ခန်းထဲမှာ ရပ်နေတဲ့ချီရင်ကို မြင်မှ စိတ်အေးသွားတော့တယ်။ အကြောက်မပြေသေးတဲ့ သူက အမျိုးသမီးသန့်စင်ခန်းတံခါးကို တစ်ချက်ကြည့်ပြီး ယွီချိန်ကို သတင်းပို့လိုက်တယ်၊ “အစ်မအဆင်ပြေတယ်ရယ်၊ ပြတင်းပေါက်ကနေ ရှူခင်းတွေကြည့်နေလို့”

သူလည်း ပြတင်းပေါက်အပြင်ကို ကြည့်လိုက်တော့ ဘာမှမတွေ့ခဲ့ပေမဲ့ ဆေးလိပ်နံ့တွေက လေထုထဲကနေ မပျောက်သေးဘူး၊ စိတ်ညစ်နေတဲ့အမူအရာနှင့် ချီရင်ကို ဆွဲခေါ်လာတယ်။

​Boss​၏ နတ်သမီးလေးအဖြစ် ကူးပြောင်းလာခြင်း(Myanmar Translation)Where stories live. Discover now